တနင်္သာရီမြို့၊ ချောင်းကြီးကျောင်းတိုက်အတွင်း ရှေးဟောင်းဘုရားနှင့် ခဲဒင်္ဂါးများ တူးဖော်တွေ့ရှိ

(ပြည်တွင်း) မတ် ၉

     တနင်္သါရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့၊ချောင်းကြီးဘုန်းတော်ကြီးကျောင်းတိုက်အတွင်းမှာ ရေကန်ဆောက်လုပ်ရန်အတွက် ဖောင်ဒေးရှင်းကျင်း တူးဖော်ရာမှ အနက် (၅) ပေခန့်အရောက်တွင် ရှေးဟောင်းအနုပညာလက်ရာမြောက်တဲ့ ပစ္စည်းတွေကို စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

     အဆိုပါနေရာမှ ကြေးထည်နှင့် ငွေထည်ဖြင့် ပြု လုပ်ထားသော ဘုရားဆင်းတုတော် အဆူပေါင်းများ (အချို့မှာ ရှေးဟောင်းယွန်းစံပုံစံ လက်ရာများဖြစ် သည်)၊ ရှေးယခင် တနင်္သာရီမြို့ဟောင်းခေတ်က အသုံးပြုခဲ့သည့် ခဲဒင်္ဂါး (Lead Coins)များ ၊ အခြားပစ္စည်းများဖြစ်သည့် ရှေးဟောင်းကြေးဖလားများ၊ အသုံးအဆောင်များနှင့် ရတနာပစ္စည်းအချို့တို့ကို တွေ့ရှိခဲ့ပါတယ်။


     တနင်္သာရီမြို့ဟာ ပုဂံခေတ်ကတည်းကပင် အခြေ တည်ခဲ့တဲ့ မြို့ဟောင်းတစ်ခုဖြစ်ပြီး အေဒီ (၁၄) ရာစုဝန်းကျင်မှာ ယိုးဒယား (ထိုင်း) နဲ့ မြန်မာတို့အကြား ကုန်သွယ်ရေးနဲ့ စစ်ရေးအရ အချက်အချာကျခဲ့ပါတယ်။ အခုတွေ့ရှိရတဲ့ ခဲဒင်္ဂါးတွေဟာ တနင်္သာရီမြို့ရဲ့ ကိုယ်ပိုင်ဒင်္ဂါးသွန်းလုပ်မှုသမိုင်းကို သက်သေပြနေတာဖြစ်ပြီး ဘုရားဆင်းတုတော်လက်ရာတွေကတော့ ထိုခေတ်က ဗုဒ္ဓဘာသာထွန်းကားမှုနဲ့ အနုပညာလက်ရာ ပေါင်းစပ်မှုကို ဖော်ပြနေပါတယ်။

     ကျောင်းတိုက်အတွင်း အလှူတော်ရေကန်တူးရာမှ မထင်မှတ်ဘဲ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး၊ လက်ရှိတွင် ကျောင်း ထိုင်ဆရာတော်နှင့် မြို့မိမြို့ဖများက စနစ်တကျ ထိန်း သိမ်းထားရှိပါတယ်။ ဤတွေ့ရှိမှုသည် တနင်္သာရီမြို့ဟောင်း၏ သမိုင်းဝင် အထောက်အထားသစ်များ ဖြစ် လာနိုင်ကြောင်း ဒေသခံများက ဆိုသည်။

#PositiveAngle #Tanintharyi #Archaeology #AncientCoins #BuddhaStatue #Heritage #MyanmarHistory

Telegram»…
https://t.me/positiveanglenews
#PAN