ခါမေနီ၏သား မော့ဂျတာဘာကို ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်ဟုဆို

(နိုင်ငံတကာ)မတ် ၉

     အီရန်နိုင်ငံရဲ့ အမြင့်ဆုံးအာဏာပိုင်အဖွဲ့ဖြစ်တဲ့ ကျွမ်းကျင်သူများကောင်စီ (Assembly of Experts) က အသက် (၈၅) နှစ်ရှိပြီဖြစ်တဲ့ အယာတိုလာ အလီ ခါမေနီရဲ့ နေရာမှာ ဆက်ခံဖို့ သူ့ရဲ့သားဖြစ်သူ မော့ဂျတာဘာကို အတည်ပြုလိုက်ပြီလို့ သတင်းရင်းမြစ်အချို့က ဆိုပါတယ်။

     ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလလောက်ကတည်းက ကျွမ်းကျင်သူများကောင်စီဝင် ၆၀ ကျော်ဟာ လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး မော့ဂျတာဘာကို ရွေးချယ်ခဲ့တာဖြစ်ကြောင်း၊ ဒါကို ဖခင်ဖြစ်သူ ခါမေနီကိုယ်တိုင်ကလည်း သဘောတူညီခဲ့ကြောင်း အစ္စရေးနဲ့ အနောက် နိုင်ငံသတင်းဌာနတွေက ဖော်ပြခဲ့ကြပါတယ်။

     ယခင်က ခါမေနီရဲ့ အရိုက်အရာကို ဆက်ခံဖို့ ရေပန်းစားခဲ့တဲ့ သမ္မတ အီဗရာဟင် ရိုင်စီ (Ebrahim Raisi) ဟာ ၂၀၂၄ ခုနှစ် မေလမှာ ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားခဲ့တာကြောင့် မော့ဂျတာဘာအတွက် လမ်းကြောင်းပွင့်သွားခဲ့တာ ဖြစ်ပါတယ်။

     မော့ဂျတာဘာဟာ အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) နဲ့ အလွန်နီးစပ်သူဖြစ်ပြီး၊ အီရန်ရဲ့ ထောက်လှမ်းရေးနဲ့ လုံခြုံရေးကဏ္ဍတွေကို နောက် ကွယ်ကနေ ကြိုးကိုင်နေသူလို့ လူသိများပါတယ်။ သူဟာ ဖခင်ဖြစ်သူထက်ပင် ပိုမိုသဘောထားတင်းမာသူ (Hardliner) တစ်ဦးလို့ ယူဆရပါတယ်။

          မော့ဂျတာဘာ ခါမေနီအား ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပြီဟူသော သတင်းများကို အီရန်အစိုးရက တရားဝင် အသိအမှတ်ပြုခြင်း မရှိသေးဘဲ၊ ၎င်းသည် ရန်သူများ၏ ဝါဒဖြန့်မှုသာဖြစ်ကြောင်း တုံ့ပြန်ထားသည်။

#PositiveAngle #Iran #Khamenei #MojtabaKhamenei #RegimeChange #MiddleEastPolitics

Telegram»…
https://t.me/positiveanglenews

#PAN