
(နိုင်ငံတကာ)မတ် ၅
အရှေ့အလယ်ပိုင်း၌ စစ်မီးတောက်လောင်နေချိန်တွင် အမေရိကန်ပြည်ထောင်စုက ၎င်းတို့၏ အင်အားအကောင်းဆုံး (Doomsday) Minuteman III ပဲ့ထိန်းဒုံးကျည်ကို စမ်းသပ်ပစ်ခတ်ခဲ့ခြင်းမှာ ကမ္ဘာတစ်ဝန်းကို တုန်လှုပ်စေခဲ့ပါသည်။
“ဒါဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက သတ်မှတ်ထားတဲ့ ပုံမှန်ပစ်လွှတ်မှုတစ်ခုသာ ဖြစ်ပါတယ်။ ကမ္ဘာ့အဖြစ်အပျက်တွေကို တုံ့ပြန်တာ မဟုတ်ပါဘူး” ဟု အမေရိကန်စစ်ဘက်၏ ထုတ်ပြန်ထား သည်။
၎င်း ဒုံးကျည်သည် ဟီရိုရှီးမားတွင် အသုံးပြုခဲ့သည့် ဗုံးထက် အဆ ၂၀ ပိုမိုပြင်းထန်သော နျူကလီးယားထိပ်ဖူးများကို သယ်ဆောင်နိုင်သည့် ICBM ဒုံးကျည်ဖြစ်သည်။
တီဟီရန်မြို့ ဗုံးကြဲတိုက်ခိုက်နေချိန်နှင့် တိုက် ဆိုင်နေသဖြင့် “ပုံမှန်စမ်းသပ်မှု” ဟု အမေရိကန်က ဆိုသော်လည်း အီရန်နှင့် ရုရှားတို့အပေါ် ပြတ်သားသော သတိပေးချက် (Deterrence) ပေးလိုက်ခြင်းဖြစ်သည်ဟု စစ်ရေးလေ့လာသူများက ယူဆနေကြသည်။
ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဤစမ်းသပ်မှုသည် “ရန်စမှု” ဖြစ်ပြီး အမေရိကန်အနေဖြင့် နျူကလီး ယားလက်နက်ကို အသုံးချကာ တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည်ဟု စွပ်စွဲလိုက်သည်။
ရုရှား၏ နျူကလီးယားတပ်ဖွဲ့များကိုလည်း “အသင့်အနေအထား” (High Alert) တိုးမြှင့်ထားကြောင်းနှင့် လိုအပ်ပါက ၎င်းတို့၏ Sarmat (Satan II) ICBM ဒုံးကျည်များကို စမ်းသပ်သွားမည်ဟု တုံ့ပြန်ထား သည်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က “နျူကလီးယား စစ်ပွဲတစ်ခုတွင် အနိုင်ရသူမရှိနိုင်ကြောင်း” နှင့် အင်အားကြီးနိုင်ငံများအနေဖြင့် ထိန်း ထိန်းသိမ်းသိမ်း ဆောင်ရွက်ကြရန် အရေးပေါ် တောင်းဆိုချက် ထုတ်ပြန်ထားသည်။
တရုတ်နိုင်ငံက အမေရိကန်သည် အရှေ့အလယ်ပိုင်းတွင် စစ်မီးမွှေနေရုံသာမက ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာမြောက် တည်ငြိမ်မှုကိုပါ ဖျက်ဆီးနေ သည်ဟု ဝေဖန်ထားပြီး ၎င်းတို့၏ ဒုံးကျည်ကာ ကွယ်ရေးစနစ်များကို အဆင့်မြှင့်တင်သွားမည်ဟု ဆိုသည်။
သတင်းရင်းမြစ် – NYP (New York Post)
Telegram»…
https://t.me/positiveanglenews
#PAN