တောင်ကိုရီးယားတွင် အသက် ၂၁ အရွယ် အမျိုးသမီးကို ထောင်ထဲထည့်ရန် ‘လှလွန်းသည်’ ဟုဆိုကာ လွှတ်ပေးရန်တောင်းဆို

(နိုင်ငံတကာ)မတ် ၅

      ⁠တောင်ကိုရီးယားနိုင်ငံတွင် အမျိုးသား ၂ ဦးကို ရက်စက်စွာ အဆိပ်ခတ်သတ်သူ အသက် ၂၁ အရွယ် အမျိုးသမီးကို ထောင်ထဲထည့်ရန် ‘လှလွန်းသည်’ ဟုဆိုကာ လွှတ်ပေးရန် ပရိသတ်များက တောင်းဆိုကြသည်ဟု ဆိုသည်။

     ဆိုးလ်မြို့ (Seoul) တွင် နေထိုင်သူ အသက် ၂၁ နှစ်အရွယ် ကင်(Kim) သည် ကျောင်းတက်ခြင်း သို့မဟုတ် အလုပ်လုပ်ခြင်း မရှိဘဲ သူမ၏ အချိန်များကို အွန်လိုင်းနှင့် ဒိတ်တင်အက်ပ် (Dating Apps) များပေါ်တွင်သာ ကုန်ဆုံးခဲ့သည်။

      သူမသည် ဒေတင်အက်ပ်မှတစ်ဆင့် အမျိုးသား ၃ ဦးကို ချိန်းဆိုခဲ့ပြီး တည်းခိုခန်းများတွင် Benzodiazepine အမျိုးအစား စိတ်ကြွဆေးများကို အရက်နှင့်ရော၍ တိုက်ကျွေးခဲ့သည်။ ထိုအထဲမှ ၂ ဦး သေဆုံးခဲ့ပြီး ၁ ဦးမှာ သတိလစ် မေ့မြောသွားခဲ့သည်။

     စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ သူမသည် သားကောင်များကို မည်သို့အဆိပ်ခတ်ရမည်ကို လေ့လာရန်အတွက် ChatGPT ကို အသုံးပြုခဲ့သည်ဟု သိရသည်။

    ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမဆုံးသားကောင်ကို အဆိပ်ခတ်ခဲ့သော်လည်း ထိုသူမှာ အသက်ဘေးမှ လွတ်မြောက်ခဲ့သည်။ ထိုသို့ လွတ်မြောက်သွားပြီးနောက် သူမသည် ChatGPT တွင် အဆိပ်ပမာဏကို မည်သို့တိုးရမည်နည်းဟု ထပ်မံရှာဖွေခဲ့ပြီး၊ နောက် ထပ် အမျိုးသားနှစ်ဦးကို အဆိပ်ခတ်သတ်ဖြတ်ခဲ့သည်။

     သူမ၏ ရုပ်ရည်မှာ မင်းသမီးတစ်ဦးကဲ့သို့ လှပသည်ဟုဆိုကာ အွန်လိုင်းပေါ်တွင် “လှလွန်းလို့ ရာဇဝတ်မှု မမြောက်နိုင်ဘူး”၊ “သူမကို ထောင်ထဲမှာ မထားသင့်ဘူး” ဟု ရူးသွပ်စွာ ပြောဆိုနေသည့် ပရိသတ်စု (Fan cafe) တစ်ခုပင် ပေါ်ပေါက်လာခဲ့သည်။ ၎င်းကို တောင်ကိုရီးယားလူထုက ပြင်းပြင်းထန်ထန် ဝေဖန်နေကြသည်။

     ရဲတပ်ဖွဲ့ရဲ့ စမ်းသပ်ချက်တွေအရ တရားခံ ကင် (Kim) ဟာ Psychopath (စိတ်ဖောက်ပြန်သော လူ သတ်သမား) တစ်ဦးဖြစ်ကြောင်း အတည်ပြုလိုက်ပြီဖြစ်ပြီး၊ သူမကို လူသတ်မှုပုဒ်မနဲ့ တရားရုံးမှာ ဆက် လက်စစ်ဆေးနေကြောင်း သတင်းရရှိပါသည်။

Telegram»…
https://t.me/positiveanglenews

#PAN