
(နိုင်ငံတကာ) မတ် ၅
အမေရိကန်က ဗင်နီဇွဲလားနှင့် ကြီးမားသော ရွှေရောင်းဝယ်မှု သဘောတူညီချက်တစ်ခုကို ကြားဝင်စေ့စပ်ပေးခဲ့သည်ဟု သတင်းများထွက်ပေါ်နေသည်။
ဗင်နီဇွဲလားနိုင်ငံမှ ရွှေကီလိုဂရမ် ၁,၀၀၀ ကို အမေရိကန်နိုင်ငံသို့ တင်ပို့လျက်ရှိသည်ဟု သိရသည်။
“ဒီသဘောတူညီချက်ဟာ ဗင်နီဇွဲလားအတွက် ပိုပြီးအကျိုးရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုဆိုရင် ဗင်နီဇွဲလားဟာ အမေရိကန်ဈေးကွက်ကို ဝင်ရောက်ခွင့် ရသွားပြီဖြစ်လို့ပါ” လို့ ဒီကိစ္စနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
သမ္မတ ဒေါ်နယ်ထရန့်၏ “အပေးအယူလုပ်ခြင်း” (Deal-making) ဗျူဟာသည် အရှေ့အလယ်ပိုင်းတွင်သာမက တောင်အမေရိကတိုက်အထိပါ သက်ရောက်မှုရှိနေကြောင်း ပြသနေပါသည်။ အထူးသဖြင့် ဇန်နဝါ ရီလအတွင်းက ဗင်နီဇွဲလားခေါင်းဆောင် မာဒူရိုကို ဖမ်းဆီးခဲ့ပြီးနောက် ယခုကဲ့သို့ ရွှေအမြောက်အမြား အမေရိကန်သို့ တင်ပို့ခြင်းမှာ ထူးခြားသော ဖြစ်စဉ်တစ်ခုဖြစ်သည်။
ဗင်နီဇွဲလား၏ ရွှေတန်ချိန်တစ်တန် (၁,၀၀၀ ကီလိုဂရမ်) ကို အမေရိကန်သို့ ပေးပို့ခြင်းမှာ အပြန်အလှန်အားဖြင့် ဗင်နီဇွဲလားအပေါ် ချမှတ်ထားသော စီးပွားရေးပိတ်ဆို့မှုများကို လျှော့ချပေးရန် သို့မဟုတ် အမေရိကန်ဈေးကွက်သို့ ပြန်လည်ဝင်ရောက်ခွင့်ရရန် အပေးအယူလုပ်ခြင်း(Leverage)သဘော ဖြစ်သည်။
၎င်းမှာ ထရန့်၏ “America First” မူဝါဒနှင့် ကိုက်ညီနေသည်။ နိုင်ငံခြားရေးမူဝါဒကို စီးပွားရေးအကျိုးအမြတ်နှင့် တိုက်ရိုက်ဆက် စပ်၍ ဆောင်ရွက်ခြင်း ဖြစ်သည်။
အရင်းမြစ် – Axios
Telegram»…
https://t.me/positiveanglenews
#PAN