အီရန်နိုင်ငံရဲ့ခေါင်းဆောင် အလီခါမေနီ သေဆုံးပြီဖြစ်ကြောင်း ထရမ့်ပြော

(နိုင်ငံတကာ) မက် ၁

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ သူရဲ့ Truth Socialတွင် အီရန်နိုင်ငံရဲ့ခေါင်းဆောင် အလီခါမေနီဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ရဲ့ အီရန်နိုင်ငံအပေါ် စစ်‌ဆင်ရေးစတင်တဲ့ ဖေဖော်ဝါရီ ၂၈ရက်နေ့မှာပဲ သေဆုံးခဲ့ပြီဖြစ်ကြောင်း ပြောကြားထားပါတယ်။

ထရမ့်က “အခုချိန်ဟာအီရန်နိုင်ငံရဲ့ပြည်သူ‌တွေ မိမိတို့ နိုင်ငံကို ပြန်လည်ရယူရန် အကြီးမားဆုံး အခွင့်အရေးဖြစ်ကြောင်း အီရန်နိုင်ငံရဲ့ အကြမ်းဖက်ခေါင်းဆောင် အလိခါအာမေနီဟာ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့ ပူး‌ ပေါင်းစစ်ဆင်အရေးအတွင်း သေဆုံးသွားပြီးဖြစ်‌ ကြောင်း ယခုအခါ IRGC [အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်] နှင့် ရဲတပ်ဖွဲ့သည် အီရန်မျိုးချစ်တပ်ဖွဲ့နှင့် ငြိမ်းချမ်းစွာ ပေါင်းစည်းနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားဖော်ပြထားပါတယ်။

အီရန်နိုင်ငံပိုင် ‌မီဒီယာတွေ‌ဖြစ်တဲ့Tasnim နဲ့ Mehr သတင်းဌာနတွေမှာတော့ အလိခါအာမေနီဟာအခုအချိန်ထိ ကျန်းကျန်းမာမာရှိနေကြောင်း ဖော်ပြထားပြီး အလိခါအာမေနီရဲ့ရုံးအဖွဲ့ ပြည်သူ့ဆက်ဆံရေးဌာနရဲ့ အကြီးအကဲကတော့ အခုသတင်းတွေဟာ ပြည်သူတွေအပေါ် စိတ်ဓာတ်စစ်ဆင်ရေးတာဖြစ်ကြောင်းပြောကြားထားပါတယ်။

အီရန်နိုင်ငံခြားရေးဝန်ကြီး အဘတ်စ် အာရာချီက NBC News ကို “အီရန်ရဲ့ အထွတ်အထိပ်ခေါင်းဆောင်နဲ့ အခြားထိပ်တန်းအီရန်အရာရှိတွေဟာ ကျန်းမာရေးကောင်းမွန်နေဆဲဖြစ်ကြောင်း အစောပိုင်းက ပြောကြားထားကြောင်းသိရသည်။