
(ပြည်တွင်း) ဖေဖော်ဝါရီ ၂၃
PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်းပေါက်ကွဲမှုကြောင့် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နေထိုင်သည့် အရပ်သား တစ်ဉီး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၊ ကျောင်းကုန်းကျေးရွာနေ ကိုသန်းဖြိုးဇော်(၂၇)နှစ်သည် ဖေဖော်ဝါရီ ၂၀ရက် နံနက် ၈ နာရီ အချိန်ခန့်တွင် ကျေးရွာအနောက်တောင်ဘက် နှစ်မိုင်ခန့်အကွာရှိ ယာခင်းအတွင်း၌ အလုပ်လုပ်ကိုင်နေစဉ် PDF အကြမ်းဖက်သမားများ ထောင်ထားသည့် နင်းမိုင်း တစ်လုံးအား နင်းမိခဲ့သည့်အတွက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။
အဆိုပါပေါက်ကွဲမှုကြောင့် ယင်းအမျိုးသားထံတွင် မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့သည့်အတွက် မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ပြည်သူ့သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသနေကြောင်း သိရသည်။
အကြမ်းဖက် ကျူးလွန်ခဲ့သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။