


(မှုခင်း)ဖေဖော်ဝါရီ ၂၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား(၂)ရပ်ကွက်၊ ရွှေတောင်ကြားလမ်းတွင် ယမန်နေ့ည ၁၀နါရီခွဲကျော်အချိန်က နေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ တာမွေမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ မီးသတ်ရေသယ်ယာဉ်(၁)စီး၊ ရန်ကင်းမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်လျက်ခဲ့ရာ ည၁၀နာရီ ၅၀မိနစ်အချိန်တွင် မီးငြိမ်းနိုင်ခဲ့ကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်း ဖေဖော်ဝါရီလ ၂၂ရက်နေ့တရက်တာအတွင်း မီးလောင်မှု ၄ကြိမ်ထက်မနည်း မီးလောင်ကျွမ်းခဲ့ပြီး လူတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း သိရသည်။