စစ်ကိုင်းနဲ့ မုံရွာက ကျောင်းသားကျောင်းသူ ရာဂဏန်းနီးပါးဟာ G 5 နဲ့ G 9 စာမေးပွဲတွေဖြေဆိုခွင့် ပိတ်ခံရ

(ပြည်တွင်း) ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့မှာရှိတဲ့ “ထက်”ကိုယ်ပိုင်းအထက်တန်းကျောင်းက Grade 5 နဲ့ Grade 9 ကျောင်းသား ၂၀၀ နီးပါနဲ့ မုံရွာမြို့က ဆယ်နဲ့ချီတဲ့ကျောင်းသားတွေဟာ ဒီနေ့စတင်ဖြေဆိုတဲ့ စာမေးပွဲတွေဝင်ရောက်ဖြေဆိုခွင့်မရပဲဖြစ်ခဲ့တယ်လို့ ကျောင်းသားမိဘတွေနဲ့နီးစပ်တဲ့အသိုင်းအဝိုင်းတွေထံက သိရပါတယ်။

စစ်ကိုင်းမြို့မှာရှိတဲ့ “ထက်” ကိုယ်ပိုင်အထက်တန်းကျောင်းက G-5 (ရ၂)ဦးနဲ့ G-9 (၈၉) ဦးကတော့ ကျောင်းသား/သူတွေရဲ့နာမည် ခုံအမှတ်၊ လက်မှတ်တွေ၊ မိဘတွေရဲ့ အမည်၊ လက်မှတ်တွေနဲ့အတူ စားမေးပွဲပြန်လည်ဖြေဆိုခွင့်ရအောင်အသနားခံစာတင်ထားတယ်လို့ သိရပါတယ်။

အခုစာမေးပွဲဖြေဆိုခွင့် ဆုံးရှုံးခဲ့ကြရတဲ့ G-5 နဲ့ G-9 ကျောင်းသား/သူတွေကို ဖေဖော်ဝါရီလ ၁၉ ရက်နေ့မှာ သက်ဆိုင်ရာ မြို့နယ် ပညာရေးမှူး၊ ခရိုင်ပညာရေးမှူးတွေက စာမေးပွဲဖြေဆိုခွင့် ခုံအမှတ်နဲ့ ဖြေဆိုခွင့်ကဒ်ပြားတွေ ထုတ်ပေးခဲ့သလို စာဖြေဌာနတွေရဲ့ကြေညာဘုတ်တွေမှာလည်း  ကြေငြာထားပြီးလည်းဖြစ်တယ်လို့ သိရပါတယ်။  

Grade 5 နဲ့ Grade 9 အစိုးရစစ်စာမေးပွဲတွေကို ဒီနေ့မှာစတင်ဖြေဆိုတာကြောင့် ကျောင်းသား/သူတွေနဲ့ မိဘတွေဟာ စာမေးပွဲဖြေဆိုခွင့်ကဒ်တွေကိုင်ဆောင်ကာ စာမေးပွဲဖြေဆိုဖို့ သက်ဆိုင်ရာစာဖြေဌာနနဲ့ စာမေးပွဲခန်းတွေကိုရောက်ရှိမှသာ ဖြေဆိုခွင့်မပြုဘူးဆိုတာကို ပြောဆိုခံရတာလို့ ကျောင်းသားမိဘတွေက ပြောပါတယ်။

ကျောင်းသားမိဘတွေဟာ သူတို့ရဲ့သားသမီးတွေ ဘာကြောင့် စာမေးပွဲဖြေခွင့်မရသလဲဆိုတာနဲ့ပတ်သက်ပြီး ကြီးကြပ်ရေးမှူးတွေကို မေးမြန်းပေမယ့် အထက်ကညွှန်ကြားတာကြောင့်လို့သာပြောဆိုထားပြီး ဘာကြောင့်လဲဆိုတာကို ကျောင်းသားမိဘတွေ သိချင်နေကြပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ပြည်တွင်းမီဒီယာတွေကလည်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နဲ့ သက်ဆိုင်ရာဝန်ကြီးဌာနကို မေးမြန်းထားဆဲဖြစ်ပါတယ်။

#PAN