
(မှုခင်း) ဖေဖော်ဝါရီ ၂၀
မွန်ပြည်နယ် သထုံမြို့နယ် သုဝဏ္ဏဝတီမြို့ ကျိုက်ကော်ရပ်ကွက်ရှိ ရှင်ဥပ္ပဂုတ္တကန်တော်တွင် ဖေဖော်ဝါရီလ ၁၉ ရက်နေ့ ၌ အမျိုးသားတစ်ဦး ရေနစ်သေဆုံးခဲ့ကြောင်းသိရသည်။
သေဆုံးသူသည် ကျိုက်ကော်ရပ်ကွက် တမန်ကြီးပိုင်းတွင်နေထိုင်သည့် အဘဦးခင်အောင်၏ သားဖြစ်သူ မောင်စိုးထက်နိုင် အသက်(၁၈)နှစ် ဖြစ်ကြောင်းသိရသည်။
စိုးထက်နိုင်(၁၈)နှစ်သည် ရှင်ဥပ္ပဂုတ္တကန်တော်အတွင်းတွင် ငါးအသေများကောက်ယူရင်း ရေနစ်နေကြောင်း အနီးနားရှိသူများမှ တွေ့ရှိသဖြင့် ပီတိနှလုံးသား (RESCUE) လူမှုကယ်ဆယ်ရေးနှင့် နာရေးကူညီမှုအသင်းမှ အဖွဲ့သားများ သွားရောက်ဆယ်ယူခဲ့သော်လည်း သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ရုပ်အလောင်းအား ရေအောက်မှ ဆယ်ယူကာ သိမ်ဆိပ်ဆေးရုံသို့ အသင်းပိုင်မော်တော်ယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း အဆိုပါအသင်းထံမှ သိရသည်။