
(ပြည်တွင်း) ဖေဖော်ဝါရီ ၁၈
(၇၇)နှစ်မြောက် ပအိုဝ့်အမျိုးသားနေ့နှင့် ပအိုဝ့်တိုင်းရင်းသားရိုးရာ တပေါင်းပွဲတော်ကို ကရင်ပြည်နယ် သာမညဒေသတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ပအိုဝ့်တိုင်းရင်းသား စာပေနှင့်ယဉ်ကျေးမှု အဖွဲ့(ကရင်ပြည်နယ်)မှသိရပါတယ်။
၂၀၂၆ ခုနှစ်၊ မတ်လ ၂ ရက်သည် ပအိုဝ့်အမျိုးသားနေ့ဖြစ်ပြီး ပအိုဝ့်တိုင်းရင်းသားတို့၏ ရိုးရာတပေါင်းပွဲတော် သည်လည်း အဆိုပါတပေါင်းလပြည့်နေ့တွင် ကျရောက်မည်ဖြစ်၍ အခမ်းအနားများအားတစ်ပါတည်း ကျင်းပပြုလုပ် ရန်စီစဉ်လျက်ရှိပါတယ်။
၂၀၂၆ ခုနှစ်အတွက် ကျင်းပမည့် (၇၇)နှစ်မြောက် ပအိုဝ့်အမျိုးသားနေ့နှင့် ပအိုဝ့်တိုင်းရင်းသားရိုးရာ တပေါင်းပွဲတော်ကို ကရင်ပြည်နယ်ရှိ သာမညဒေသတွင် ဖေဖော်ဝါရီလ ၂၈ ရက် (တပေါင်းလဆန်း ၁၃ ရက်)မှ စတင်ကာ ရိုးရာယဉ်ကျေးမှုအကများ၊ ဖျော်ဖြေရေးအစီအစဉ်များအပြင် အကပြိုင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။