မဟာအောင်မြေမြို့နယ်ရှိ ရွှေရည် Fruit Brand ဆိုင်တွင် ဆိုလာအင်ဗာတာအား လျှပ်စစ်မီးဖြင့်အားသွင်းရာမှ အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

(မှုခင်း)ဖေဖော်ဝါရီ ၁၈

မန္တလေးတိုင်းဒေသကြီး ၊ မဟာအောင်မြေမြို့နယ်၊မဟာမြိုင်(၁)ရပ်ကွက်၊၆၆လမ်း၊၄၂×၄၃လမ်းကြားရှိ ရွှေရည် Fruit Brand နေကာလိပ်၊မိုးကာ၊ဇာပြာ၊စိုက်ပျိုးရေးပိုက်မဲနှင့်ကြက်ခြံသုံးပစ္စည်းများရောင်းဝယ်ရေးဆိုင်၌ မီးလောင်မှုဖြစ်ပွားကြောင်း
သိရသည်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့ နံနက်၅နာရီ၁၅မိနစ်အချိန်က ဒေါ်အေးမုန်၊၆၀နှစ်၊(ဘ)ဦးအိုက်ဆိုင်၊အရောင်းအဝယ်လုပ်ကိုင်သူ ပိုင်ဆိုင်‌သောနေအိမ်၌ အိမ်ဌားရမ်းနေထိုင်သူ ဦးဖြိုးမင်းခန့်၊၃၀နှစ်၊(ဘ)ဦးသန်း‌ငွေ ငှားရမ်းနေထိုင်သည့် နေအိမ်အောင်ထပ်တွင်ထားရှိသော solar inverter အား လျှပ်စစ်မီးဖြင့် အားသွင်းထားရာမှ အပူလွန်ကဲပြီး အောက်ခြေရှိ ပလပ်စတစ်နေကာလိပ်များမှတဆင့် မီးစတင်လောင်ကျွမ်းခြင်းဖြစ်ကြောင်း၊ မီးလောင်သည့်နေရာသို့ မီးသတ်တပ်ဖွဲ့ဝင်များမှ သွား ရောက်မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၅နာရီ၅၂ မိနစ်အချိန်တွင် မီးထိန်းနိူင်ခဲ့ပြီး နံနကိ၆နာရီ၁၅မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် ၃၂×၅၀ ပေ၊RC(၃)ထပ်၊အတွင်းပစ္စည်းမိုးကာထုပ်များ၊MDY-13/2I/3760 နံပါတ်ပါ PRADO(အဖြူရောင်) ကားတစ်စီး မီး‌လောင်ပျက်စီးဆုံး ရှုံးခဲ့ပြီးခဲ့ကြောင်း၊ မီးပေါ့ဆစွာသုံးစွဲသူ ဦးဖြိုးမင်းခန့် အား အမှုဖွင့်အရေးယူထားကြောင်း သိရသည်။