ထီးလင်း၊ အမရပူရမြို့တို့ကိုဗဟိုပြုပြီး ငလျင်များလှုပ်ခတ်

(မိုး/ဇလ) ဖေဖော်ဝါရီ ၁၈

ထီးလင်းမြို့နှင့် အမရပူရမြို့နယ်တို့ကိုဗဟိုပြုပြီး ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်တွင် အင်အားအနည်းငယ်ရှိသော ငလျင်လှုပ်ခတ်မှုများဖြစ်ပေါ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီ ၁၈ ရက်နံနက် ၁ နာရီ ၅၂ မိနစ် ၃၅ စက္ကန့်က ထီးလင်းမြို့၏ အရှေ့မြောက်ဘက်(၁၂)မိုင်ခန့်အကွာ၊အနက်(၁၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး(၃ ဒသမ ၅)အဆင့်ရှိ အင်အားအ နည်းငယ်ရှိသောငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၂ နာရီ ၄ မိနစ် ၂၇ စက္ကန့်ကလည်း အမရပူရမြို့နယ်၏တောင်-အနောက်တောင်ဘက်(၃)မိုင်ခန့်အကွာ၊ အနက်(၁၉)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၃ ဒသမ ၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော ငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း သိရသည်။