တောင်းကြီး-အေးသာယာအဆင်းလမ်းတွင် ယာဥ် ၁စီး လမ်းဘေးသစ်ပင်အား ဝင်တိုက်မှုဖြစ်ပွား

(မှုခင်း)ဖေဖော်ဝါရီ ၁၀

ရှမ်းပြည်နယ်၊ တောင်းကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ တောင်းကြီး-အေးသာယာအဆင်းလမ်း၊ မိုင်တိုင်အမှတ် (၁၁၁/၀) ဖာလုံအနီးတွင် ယမန်နေ့ည ၁၀နါရီအချိန်က ယာဉ်(၁)စီးသည် အရှိန်မထိန်းနိုင်ဘဲ သစ်ပင်အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

ယာဥ်တိုက်မှုဖြစ်ပွားသည့်နေရာသို့ တောင်ကြီးမြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရသည်။

အဆိုပါဖြစ်စဉ်ကြောင့် ယာဉ်ပေါ်ပါ ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား လင်းယုန်လူငယ်ပရဟိတအသင်းမှ သူနာတင်ယာဉ်ဖြင့် တောင်ကြီးမြို့နယ် စဝ်စံထွန်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN