ကုန်တင်မော်တော်ယာဉ်မှ လမ်းဘေးရှိ နေအိမ်အား ဝင်ရောက်တိုက်မိပြီး ရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်

(မှုခင်း)ဖေဖော်ဝါရီ ၈

ရှမ်းပြည်နယ်၊ မိုင်းပျဉ်းမြို့နယ်၊ အောက်ဈေးတန်းရပ်ကွက်၊ တောင်ကြီး-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး မိုင်တိုင်အမှတ် 528 KM အနီး၌ ကုန်တင်မော်တော်ယာဉ်မှ  လမ်းဘေးရှိ နေအိမ်အား ဝင်ရောက်တိုက်မိပြီး ရေမြောင်းအတွင်း ထိုးကျ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၆ ရက် ည ၁၀ နာရီ ၃၀ မိနစ်တွင် မိတ္ထီလာမြို့နယ်၊ သရက်ပင်ကျေးရွာနေ အောင်ဟိန်း(၂၈)နှစ် မောင်းနှင်ပြီး အမရပူရမြို့နယ်၊ ဖျောက်ဆိပ်ကုန်းရပ်ကွက်နေ ဦးအောင်ရွှေ (၅၁)နှစ် လိုက်ပါလာသည့် MDY-15/6B-XXXX NISSAN ခြောက်ဘီး ကုန်တင်မော်တော်ယာဉ်သည် တောင်ကြီးမြို့မှ တာချီလိတ်မြို့ဘက်သို့ မောင်းနှင်လာစဉ် အခင်းဖြစ်နေရာအရောက်၌ အရှိန်မထိန်းနိုင်ဘဲ လမ်း၏ဝဲဘက်ခြမ်းရှိ ဦးစိုင်းစံပ(၄၅)နှစ် ပိုင်ဆိုင်သည့် အလျား ၂၀ ပေ၊ အနံ ၃၀ ပေ သွပ်မိုး၊ ပျဉ်/ထရံကာ နေအိမ်အား ဝင်ရောက်တိုက်မိကာ နေအိမ် အနောက်ဘက်ရှိ ရေမြောင်းအတွင်း ထိုးကျတိမ်းမှောက်ခဲ့သည်။

အဆိုပါယာဥ်တိမ်းမှောက်မှုကြောင့်  ယာဉ်မောင်း အောင်ဟိန်းတွင် ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး ဦးစိုင်းစံပ၏ နေအိမ်နှင့် မော်တော်ယာဉ်တို့ ပျက်စီးဆုံးရှုံးခဲ့သောကြောင့် အောင်ဟိန်း အား မိုင်းပျဉ်းမြို့မရဲစခန်း ယာဉ်(ပ)၁/၂၀၂၆၊ ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၂၇၉ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သိရသည်။

#PAN