
(ပြည်တွင်း) ဖေဖော်ဝါရီ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ထောင်ထားသည့်
တိုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရိလ ၂ရက်နေ့ နံနက် ၈ နာရီတွင် ပုလောမြို့ နယ်၊ အရှေ့ကုန်းကျေးရွာနေ
ဒေါ်စိန်သန်းကြည်(၆၅)နှစ်သည် အရှေ့ကုန်းကျေးရွာမှ ဆင်ထိုးကြီးကျေးရွာရှိ ၎င်းပိုင်နေအိမ်သို့
သွားရောက်စဉ် နေအိမ်၏အနောက်ဘက် ပေ ၂၀ ခန့်အကွာအရောက် PDF အမည်ခံ အကြမ်းဖက်
အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင် မိုင်းပေါက်ကွဲစ
ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ ဒဏ်ရာရရှိသူ ဒေါ်စိန်သန်းကြည်အား လောမြို့နယ်၊ ပလောက်တိုက်နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိပြီး ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။
တနင်္သာရီတိုင်းတွင် အစွန်းရောက်အကြမ်းဖက်သမားများသည် အေးချမ်းစွာ နေထိုင်လျက်ရှိသော ပြည်သူများ
နှင့် တရားဥပဒေစိုးမိုးရေးအတွက် ဝိုင်းဝန်းဆောင်ရွက်နေသော အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိ
သူများအား ထိခိုက်ဒဏ်ရာရရှိစေရန် ရည်ရွယ်ချက်များဖြင့် အကြမ်းဖက်ဖောက်ခွဲရေးလုပ်ရပ်များ
အား ငွေကြေးထောက်ပံ့ကာ နောက်ကွယ်မှ သွေးထိုးမြှောက်ပင့်လှုံ့ဆော်မှုများဖြင့် အများပြည်သူ
သွားလာအသုံးပြုသော လမ်းမကြီးများ၊ ရထားလမ်းများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများနှင့်
လူနေအိမ်များအား ဖောက်ခွဲရေးပစ္စည်းကိရိယာများအသုံးပြု၍ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဝေးမှ
ပစ်ခတ်ဖောက်ခွဲခြင်းများကို မကြာခဏ ပြုလုပ်လျက်ရှိသည်။