ပူတာအိုမြို့နယ်အတွင်း လယ်ယာမြေဧက ၁၀၀ ထပ်မံ ဖော်ထုတ်

(ပြည်တွင်း) ဖေဖော်ဝါရီ ၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ဖွံ့ဖြိုးတိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေးနှင့် ဆီဖူလုံရေး အတွက် လယ်ယာမြေများတိုးချဲ့ဖော်ထုတ်ပေးလျက်ရှိသည်။

ပူတာအိုမြို့နယ်၊ လွင်ပြင်ပတ်လမ်းပေါ်ရှိ မန်စေကျေးရွာအုပ်စု၊ မန်စေကျေးရွာသို့ ထွက်ခွာ၍ ဝါးဆားကျေးရွာအတွင်းရှိ တောင်သူများအတွက် ပြည် နယ်အစိုးရအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် စက်မှုလယ်ယာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာ ရေးနှစ်တွင် လယ်ယာမြေဧက ၁၀၀ ဖော်ထုတ်ပေးခဲ့သည့်အပြင် ယခုဘဏ္ဍာနှစ်တွင် ထပ်မံ၍ လယ်ယာမြေဧက ၁၀၀ တိုးချဲ့ဖော်ထုတ်ပေးနေကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်နေမှုကို ဖေဖော်ဝါရီ ၂ ရက်က  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် သွရောက်ကြည့်ရှု့ခဲ့ပြီး လာမည့်စိုက်ပျိုးရာသီအမီ ဖော်ထုတ်ပေးနိုင်ရေးနှင့် မိုးစပါးအပြင်  ဆီထွက်သီးနှံဆီမုန်းညှင်း စိုက်ပျိုးနိုင်ရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

#PAN