(ပြည်တွင်း) ဖေဖော်ဝါရီလ ၂
တောင်ယာတဲစောင့်အိပ်ဖို့သွားတဲ့ သီပေါဒေသခံတစ်ဦးကို MNDAA ကဖမ်းဆီးပြီး ရိုက်နှက်စစ်ဆေးခဲ့တာကြောင့် ရရှိတဲ့ ဒဏ်ရာနဲ့ သေဆုံးသွားတယ်လို့ ရှမ်းသတင်းတချို့က ပြောပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့နယ် နောင်ကော်ကျေးရွာအုပ်စု ပန်မြိုင်းကျေးရွာမှာနေထိုင်တဲ့ ဒေသခံအမျိုးသားတစ်ဦးဟာ ဇန်နဝါရီလ (၂၉) ရက် ည(၈)နာရီခန့်မှာ တောင်ယာတဲစောင့်အိပ်ဖို့သွားရောက်စဉ် ကိုးကန့်အကြမ်းဖက်အဖွဲ့တွေနဲ့တွေ့ဆုံပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။
ကိုးကန့်တပ်ဖွဲ့အကြမ်းဖက်အဖွဲ့ MNDAA ရဲ့ဖမ်းဆီးမှုကိုခံရတဲ့ အသက် (၆၃) နှစ်အရွယ်ရှိ သီပေါဒေသခံ လုံးပန်ဆိုသူကို MNDAA က သူတို့တပ်စခန်းထဲကို ဖမ်းဆီးခေါ်ဆောင်ပြီး အပြင်းအထန် ရိုက်နက် စစ်ဆေးခဲ့တယ်လို့လည်း သိရပါတယ်။
ရိုက်နှက်ခဲ့တဲ့ ကိုး အကြမ်းဖက်အဖွဲ့ MNDAA အဖွဲ့ဝင်တွေဟာ သီပေါမြို့နယ်အတွင်း လှုပ်ရှားနေတဲ့ MNDAA တပ်မဟာ-၅၁၁ လက်အောက်ခံ တပ်ရင်းက အဖွဲ့ဝင်တွေဖြစ်တယ်လို့သိရပြီး ရိုက်နက်ခံရတဲ့ လုံးပန်ဆိုသူ ကို နောင်ကော်ကျေးရွာ တာဝန်ရှိသူတွေက အာမခံနဲ့ ပြန်လည်ခေါ်ထုတ်လာခဲ့ပေမယ့် ရရှိထားတဲ့ ဒဏ်ရာတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီလ (၃၀) ရက် နံနက်ပိုင်း (၁၁) နာရီခန့်မှာ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေရဲ့ဖော်ပြချက်တွေအရ သိရပါတယ်။
#PAN