(ပြည်တွင်း) ဖေဖော်ဝါရီ ၂
ကချင်ပြည်နယ် ဖားကန့်မြို့ပေါ်ရှိ စာသင်ကျောင်းတစ်ကျောင်းပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲသဖြင့် ကလေးတစ်ချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယနေ့ဖေဖော်ဝါရီလ၂ရက်နေ့ နံနက် ၁၀ နာရီကျော်ခန့်တွင် ဖစ်ပွားခဲ့ခြင်းဖြစ်ပြီး KIA /PDF အကြမ်းဖက် သောင်းကျန်းသူများမှပစ်ခဲ့ခြင်းကြောင်းသိရသည်။

ဖားကန့်မြို့ရှိ အထက ဖားကန့်ကျောင်းဝင်းအတွင်းမှ KG အတန်းအဆောင်ပေါ်သို့ လက်နက်ကြီးကျယ်ကျရောက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသားကလေးငယ်တစ်ချို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ KG အတန်းဆောင်ပေါ်ကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ကျောင်းဆောင်ပျက်စီးခဲ့ပြီး လက်ရှိတွင် ပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိခဲ့သည့်ကလေးငယ်များအား ဆေးဝါးကုသမှုပေးနေထားကြောင်း သိရသည်။

#PAN