ငလျင်ဒဏ်ကြောင့် ထိခိုက်ခဲ့တဲ့ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီး ထီးတော်တင်အခမ်းအနားကို စည်ကားသိုက်မြိုက်စွာကျင်းပမည်

(ပြည်တွင်း) ဖေဖော်ဝါရီ ၂

ငလျင်ဒဏ်ကြောင့် ထိခိုက်သွားတဲ့ တောင်ငူမြို့ သမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး ထီးတော်တင်ခြင်း အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ သမိုင်းဝင်ရွှေဆံတော်စေတီတော်မြတ်ကြီးက အရံစေတီမှလွဲ၍ စေတီကြီးတစ်ခုလုံး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူမယ်လို့ သိရပါတယ်။

ဒါကြောင့် စေတီတော်မြတ်ကြီး စိန်ဖူးတော်၊ ထီးတော်၊ ငှက်မြတ်နားတော် တင်ခြင်း အခမ်းအနားကို လာမည့်ဖေဖော်ဝါရီလ ၁၀ ရက် (တပို့တွဲလပြည့်ကျော် ၉ ရက်)တွင် ၇ ရက်သားသမီးအလှူ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။

အဆိုပါ ထီးတော်တင်ပွဲနေ့မှာ ဘုရားဖူးပြည်သူ ၁,၅၀၀ ဦးအတွက် စတုဒီသာအလှူကိုလည်း ကျွေးမွေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

#PAN