
(နိုင်ငံတကာ) ဖေဖော်ဝါရီ ၁
ရုရှားအခြေစိုက် စစ်လက်နက်ထုတ်လုပ်ရေးလုပ်ငန်းများ၏ ပြည်ပပို့ကုန်မှတ်တမ်းကို ရုရှားသမ္မတ ပူတင် က ဇန်နဝါရီလ ၃၀ ရက်တွင် ချီးကျူးခဲ့သည်ဟု RT သတင်းဌာနက ဖော်ပြထားသည်။
အနောက်အုပ်စုနိုင်ငံများကဖိအားပေးနေသည့်တိုင် ရုရှားစစ်လက်နက်ထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့် ၂၀၂၅ ခုနှစ်အတွင်း ပြည်ပနိုင်ငံပေါင်း ၃၀ ကျော်သို့ စစ်လက်နက်ပစ္စည်းများ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင် က ပြောကြားထားသည်။
ရုရှားစစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီများအနေဖြင့် ပြည်ပပို့ကုန်ကဏ္ဍမှတစ်ဆင့် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁၅ ဘီလီယံကျော် ရှာဖွေပေးနိုင်ခဲ့ကြောင်း ရုရှားသမ္မတ ပူတင် က ပြည်ပနိုင်ငံများနှင့် စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေး၌ ထုတ်ဖော်ပြောကြားထားသည်။
ရုရှားသမ္မတပူတင်၏အဆိုအရရုရှားစစ်လက်နက်ကုမ္ပဏီများ၏ ဈေးကွက်မှာ အာဖရိကတိုက်တွင်လည်း ကျယ်ပြန့်လာနိုင်သည်။
အထူးသဖြင့် ရုရှားနိုင်ငံလုပ် စစ်လက်နက်ပစ္စည်းများကို အာဖရိကနိုင်ငံများက စိတ်ဝင်စားနေ ကြောင်း ရုရှားသမ္မတ ပူတင် က ထုတ်ဖော်ပြောကြားထားသည်။
ရုရှားနိုင်ငံသည် အာဖရိကနိုင်ငံများနှင့် ဆက်ဆံရေးမြှင့်တင်နေပြီး အထူးသဖြင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှု နယ်ပယ် ဆက်ဆံရေးတို့ကို မြှင့်တင်ရန်ကြိုးစားလျက်ရှိကြောင်း သိရသည်။