ဥရောပသမဂ္ဂက အမေရိကန်အပေါ် သွင်းကုန်အခွန် ၉၃ ဘီလီယံအထိ တိုးမြှင့်ကောက်ခံရန် စဉ်းစားနေဟုဆို

(နိုင်ငံတကာ) ဇန်နဝါရီ ၂၀ ဥရောပသမဂ္ဂက အမေရိကန်အပေါ်သွင်းကုန်အခွန် ယူရို ၉၃ ဘီလီယံအထိတိုးမြှင့်ကောက်ခံရန် သို့မဟုတ် ဥရောပဈေးကွက်သို့ အမေရိကန်ကုမ္ပဏီများဝင်ရောက်လုပ်ကိုင်ခွင့်ကို ကန့်သတ်သွားရန် စဉ်းစားနေကြောင်း Financial Times သတင်းဌာနက…

မြန်မာ-ရုရှား နှစ်နိုင်ငံနိုင်ငံသားများ ဇန်နဝါရီလ ၂၇ ရက်မှစတင်ကာ ဗီဇာကင်းလွတ်ခွင့်ပြု

(ပြည်တွင်း) ဇန်နဝါရီ ၂၀ ရုရှားအစိုးရနှင့် မြန်မာအစိုးရတို့အကြား ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်မှာ မင့်စ်မြို့တွင် လက်မှတ် ရေးထိုးခဲ့သော နှစ်နိုင်ငံနိုင်ငံသားများအတွက် ဗီဇာလိုအပ်ချက်များ အပြန်အလှန်ပယ်ဖျက်ခြင်းဆိုင်ရာ…

လုပ်ငန်းတူပေါ်မှာ စိတ်တူကိုယ်တူ အစုအဖွဲ့နဲ့ လုပ်ကိုင်မယ်ဆိုရင် နိုင်ငံတော်က လိုအပ်တဲ့ ရင်းနှီးမတည်ငွေတွေ အားပေးဆောင်ရွက်သွားမယ်လို့ နိုင်ငံတော်ယာယီသမ္မတပြော

(ပြည်တွင်း) ဇန်နဝါရီ ၂၀ ထုတ်လုပ်မှုလုပ်ငန်းတွေဆောင်ရွက်ရာမှာ တစ်ဦးချင်း တစ်ယောက်ချင်း မဟုတ်ဘဲ စုပေါင်းလုပ်ကိုင်တဲ့ သမဝါယမစနစ်နဲ့လည်း ဆောင်ရွက်နိုင်ပြီး လုပ်ငန်းတူပေါ်မှာ စိတ်တူကိုယ်တူ အစုအဖွဲ့နဲ့ လုပ်ကိုင်မယ် ဆိုပါက နိုင်ငံတော်ကလည်း…

ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူဦးရေ ၁ သန်းခန့်ရှိပြီး ဒေသတွင်း စားရေးဖူလုံမှုကို ဖော်ဆောင်ပေးနိုင်ဖို့လိုတယ်လို့ နိုင်ငံတော်ယာယီသမ္မတပြော

(ပြည်တွင်း) ဇန်နဝါရီ ၂၀ ရှမ်းပြည်နယ်(အရှေ့ပိုင်း)အတွင်း လူဦးရေ ၁ သန်းခန့်ရှိပြီး ဒေသတွင်း စားရေးဖူလုံမှုကို ဖော်ဆောင်ပေးနိုင်ဖို့လိုတယ်လို့ နိုင်ငံတော်ယာယီသမ္မတပြောဆိုလိုက်ပါတယ်။ ဒေသတွင်းလိုအပ်ချက်နဲ့ ထုတ်လုပ်မှု မျှတမှုမရှိပါက ကုန်ဈေးနှုန်းများကြီးမြင့်မှုကိုဖြစ်ပေါ်စေမှာဖြစ်ပြီး ဌာန…

ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့ရဲ့အမှုနဲ့ပတ်သက်တဲ့ကြားနာပွဲမှာ မြန်မာရဲ့ရှေ့နေတွေက ပထမအကျော့ တုံ့ပြန်ချေပ

(ပြည်တွင်း) ဇန်နဝါရီ ၂၀ ဂမ်ဘီယာနဲ့ မြန်မာနိုင်ငံတို့ရဲ့အမှုနဲ့ပတ်သက်ပြီး ကြားနာပွဲ (Oral Hearing ) ကို ဇန်နဝါရီ ၁၂ ရက်မှ ၂၉ ရက်အထိ နယ်သာလန်နိုင်ငံ…

အကြမ်းဖက်နှိမ်နင်းမှု စစ်ဆင်ရေးဟုဆိုကာ တပ်မတော်က ဘင်္ဂါလီများအပေါ် လူမျိုးသုဉ်းစေရန်ရည်ရွယ်ချက်ဖြင့် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိရွာများ အထူးသဖြင့် မင်းကြီး၊ ချွတ်ပြင်၊ မောင်နုရွာများကို စစ်ဆင်ပုံ(pattern of conduct) အား တစ်ပုံစံတည်းဆောင်ရွက်ခဲ့ကြောင်း ဂမ်ဘီယာကစွပ်စွဲမှုကို မြန်မာ၏ရှေ့နေ Mr. Sam-Bloom Cooper က တုံ့ပြန်ချေပချက်

************************************************ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ဘင်္ဂါလီများ သီးသန့်နေထိုင်သော နေရာ ၄၇၈ ခုနှင့် ဘင်္ဂါလီများ တစ်စိတ်တစ်ပိုင်းနေထိုင်သော နေရာ ၃၁ ခုအနက်မှ ဂမ်ဘီယာသည် ထိုစဉ်က လူဦးရေ ၄၃၀၀…

ဂမ်ဘီယာနိုင်ငံမှ ကိုးကားတင်သွင်းထားသော အခြားအထောက်အထားများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ဦးဆောင်ရှေ့နေ Mr.Christopher Staker က တုံ့ပြန်ချေပလျှောက်လဲချက်

*************************************** မြန်မာနိုင်ငံ၏ ရေးသားတင်သွင်းထားသောလျှောက်လဲချက် နှစ်စောင်အနက် အခန်း (၇) သည် ဂမ်ဘီယာနိုင်ငံက ကိုးကားအားပြုထားသော အခြားစာရွက်စာတမ်းများ၏ အထောက်အထားခိုင်လုံမှု (Evidential weight) နှင့် သက်ဆိုင်ပြီး ဂမ်ဘီယာ၏…

ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် သားမက်ဖြစ်သူတို့အား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်

(မှုခင်း)ဇန်နဝါရီ ၂၀ မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် သားမက်ဖြစ်သူတို့အား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်သွားကြောင်း သိရသည်။ ဇန်နဝါရီလ ၁၈ရက် ည၇နာရီကျော်အချိန်က…

“စည်သူ”ဘွဲ့ တံဆိပ်တော် ချီးမြှင့်ခံထားရတဲ့ ကျိုင်းတုံမြို့က သက်တော်ရှည်မဟာထေရ်မြတ်ကြီးကို နိုင်ငံတော် ယာယီသမ္မတ က ဘွဲ့ တံဆိပ်တော်တွေနဲ့ အဆောင်အယောင်တွေကို လက်ရောက်ဆက်ကပ်လှူဒါန်း

(ပြည်တွင်း) ဇန်နဝါရီ ၂၀ “စည်သူ”ဘွဲ့ တံဆိပ်တော် ချီးမြှင့်ခံထားရတဲ့ ကျိုင်းတုံမြို့၊ ကျိုင်းယင်းကျောင်းတိုက်ဦးစီးပဓာနနာယက သက်တော်ရှည်မဟာထေရ်မြတ်ကြီးကို နိုင်ငံတော် ယာယီသမ္မတနိုင်ငံတော်လုံခြုံရေးနဲ့ အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘွဲ့ တံဆိပ်တော်တွေနဲ့…

နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဖော်ထုတ်ဖမ်းဆီး

(မှုခင်း) ဇန်နဝါရီ ၂၀ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌ နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် ဌာနဆိုင်ရာ/ ရုံးစာရွက်စာတမ်းများအား အခကြေးငွေရယူကာ လိမ်လည်အတုပြုလုပ်နေသူများအား ဇန်နဝါရီလ ၁၄ ရက်နေ့က ဖော်ထုတ်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီးအတွင်း၌…