ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် သားမက်ဖြစ်သူတို့အား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်

(မှုခင်း)ဇန်နဝါရီ ၂၀

မကွေးတိုင်းဒေသကြီး၊အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာအုပ်စု၊ ချောင်းကောက်ကျေးရွာရှိ ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်းနှင့် သားမက်ဖြစ်သူတို့အား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးခေါ်ဆောင် သတ်ဖြတ်သွားကြောင်း သိရသည်။

ဇန်နဝါရီလ ၁၈ရက် ည၇နာရီကျော်အချိန်က ပြည်ခိုင်ဖြိုးပါတီမှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမြင့်ငွေ နေအိမ်သို့ အကြမ်းဖက်PDFများသည် စစ်ယူနီဖောင်း ဝတ်ဆင်ပြီး တပ်မ(၈၈)တံဆိပ်တပ်ဆင်ထားသည့် ဆိုင်ကယ်(၅)စီး၊ လူ(၁၀)ဦးခန့် သေနတ် အရှည်(၆)လက်ကိုင်ဆောင်ရောက်ရှိလာပြီး ဦးမြင့်ငွေ၊ သားမက်ဖြစ်သူ ငြိမ်းမောင်မောင်၊ ဦးမောင်ညွန့်နှင့် ဦးမြင့်ငွေ၏ ဇနီးဖြစ်သူ ဒေါ်သန်းလှ၊ ဦးမြင့်ငွေပိုင်ဆိုင် သည့် 7G-5238 PRADOမီးခိုးရောင် ကားနှင့်အတူ ချောင်းကောက်ကျေးရွာမှ ချောင်းကောက်-သစ်ရာကောက် ကားလမ်းအတိုင်း ခေါ်ဆောင် သွားခဲ့ကြောင်း သိရသည်။

ထို့နောက် စစ်ယူနီဖောင်းဝတ်ဆင်ထားသည့်အကြမ်းဖက်အဖွဲ့မှ ချောင်းကောက်ကျေးရွာ၏အနောက်ဘက် ရေကျော် အရောက်တွင် ဦးမြင့်ငွေ၏ဇနီးဖြစ်သူ ဒေါ်သန်းလှအား ကားပေါ်မှ ချထားခဲ့ပြီး ချောင်းကောက်-သစ်ရာကောက်ကားလမ်းအတိုင်း ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း၊၎င်းနောက်

ဦးမြင့်ဝေနှင့်သားမက်ဖြစ်သူဝင်း​မောင်မောင်တို့အား ကိုးပင် _သာဂရသွားကားလမ်း အင်ရုံ_ နားပဲ့သွားလမ်း ပေါက်တွင်ပစ်သတ်ခဲ့ကြောင်း သိရသည်။