
(ပြည်တွင်း) ဇန်နဝါရီ ၂၈
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်က ကင်းတပ်၊ ရှားပင်နဲ့ တိန်းသာ ကျေးရွာတွေကို ကချင်အကြမ်းဖက်လက်နက်ကိုင် KIA ဝင်ရောက်တိုက်ခိုက်မယ်ဆိုတဲ့သတင်းအရ အဲဒီကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေ စိုးရိမ်မှုတွေရှိနေတယ်လို့ သိရပါတယ်။
“KIA နဲ့ PDF အင်အား ၁၀၀၀ လောက် နားပင်၊ နောင်ပိန်းနဲ့ နွှဲခိုရွာရောက်နေတယ်လို့ သတင်းရတယ်။ ဒီနေ့ နဲ့ ၃၁ ရက်နေ့အတွင်းမှာဝင်တိုက်မယ်လို့ သတင်းလွှင့်ထားတယ်။ တိုက်ပွဲမဖြစ်ရင်တော့အကာင်းဆုံးပဲပေါ့လေ တိုက်ပွဲဖြစ်မှာကိုတော့ စိုးရိမ်စိတ်တော့ရှိတာပေါ့ လို့ဒေသခံတစ်ချို့က ပြောပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း မော်လိုက်မြို့နယ်က ကျေးရွာတစ်ချို့ကို ကချင်အကြမ်းဖက်လက်နက်ကိုင် KIA ဝင်ရောက်တိုက်ခိုက်ခဲ့လို့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။