

(မှုခင်း)ဇန်နဝါရီ ၂၇
ရန်ကုန်-မန္တလေးအမြန်လမ်းတွင် YGN-4/ 7K-4617 Yutong အမျိုးအစားဒို့ညီနောင် Express မှန်လုံယာဉ်သည် မောင်းနှင်လာစဥ် အင်ဂျင်ခန်းဝါယာရှော့်ခ်ဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားကြောင်း သိရသည်။
ယနေ့နံနက် ၆ နာရီခန့်တွင် နေပြည်တော်-ရန်ကုန်ဘက်ခြမ်း(အပြန်လမ်း) မိုင်တိုင် ၄၆/၅-၆ အရောက်တွင် ဒို့ညီနောင် Expressယာဉ်၏အနောက်ဘက် အင်ဂျင်ခန်းမှ ဝါယာရှော့ဖြစ်ကာ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါယာဥ်နောက်ခန်းမီးလောင်မှုအား ဝိုင်းဝန်းငြိမ်းသတ်ရာ နံနက် ၆ နာရီခွဲတွင် မီးငြိမ်းသတ်နိုင်ခဲ့ကြောင်း၊ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ယာဉ်မောင်းနှင့် ခရီသည်များ ထိခိုက်ဒဏ်ရာရှိခြင်းမရှိကြောင်း သိရသည်။