ဘိုကလေးက ဒေသခံတွေက ICJ မှာသွားရောက်ဖြေရှင်းနေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံကြောင်း ပြသ

(ပြည်တွင်း) ဇန်နဝါရီ ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဘိုကလေးမြို့က ဒေသခံ ၅၀၀ ခန့်ဟာ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို မတရားစွပ်စွဲပြီး နယ်သာလန်နိုင်ငံ (ICJ) တရားရုံးမှာ တရားစွဲဆိုထားမှုကို ကန့်ကွက်ရှုံ့ချကြောင်းနဲ့ မြန်မာနိုင်ငံကိုယ်စားပြု တရားရင်ဆိုင်ဖြေရှင်းဆောင်ရွက်နေတဲ့ ဦးကိုကိုလှိုင် ဒေါ်သီတာဦးတို့ခေါင်ဆောင်တဲ့အဖွဲ့ကို ကြိုဆိုထောက်ခံပြသတဲ့ လှုပ်ရှားမှုတစ်ခုကို ဒီနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

အင်အာ(၅၀၀)ဦးခန့်ရှိတဲ့ ဒေသခံတွေဟာ ဒီနေ့ ဇန်နဝါရီလ ၂၇ ရက်နေ့ မနက် ၈ နာရီကစတင်ကာ ဘိုကလေးမြို့ မှာရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရုံးထောင့်ကနေ မ (၁)ရပ်ကွက်၊ ဒုတိယလမ်းကတဆင့်လွတ်လပ်ရေးပန်းခြံအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော်ပြသခဲ့ကြတယ်လို့ သိရပါတယ်။

ဆန္ဒဖော်ထုတ်သူတွေဟာ နိုင်ငံတော်အလံလွှင့်တင်တာတွေ နိုင်ငံတော်အလံကိုအလေးပြုတာတွေအပြင် ၊နိုင်ငံတော်သီချင်းသီဆိုတာတွေလည်းပြုလုပ်ခဲ့ကြသလို နယ်သာလန်နိုင်ငံ က အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) မှာ သွားရောက်တရားရင်ဆိုင်နေတဲ့မြန်မာအဖွဲ့ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေကိုလည်း ယူဆောင် ပြသခဲ့ကြတယ်လို့ သိရပါတယ်။