
(ပြည်တွင်း) ဇန်နဝါရီ
ပါတီစုံဒီမိုက်ရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကျင်းပနေတဲ့ ဒီနေ့ ဇန်နဝါရီလ၂၅ ရက်နေ့ မနက် ၇ နာရီ အချိန်ခန့်က မြင်းခြံမြို့နယ်၊လယ်သစ်ကျေးရွာ ဓမ္မာရုံဝင်းအတွင်း မြေကွက်လပ်မှာဖွင့်လှစ်ထားတဲ့ မဲရုံကို PDF အကြမ်းဖက်သောင်း ကျန်းသူတွေက ဒရုန်း နဲ့ ဒရောဗုံးချတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
PDF တွေပစ်ချတိုက်ခိုက်တဲ့ ဒရောဗုံး၂လုံးဟာ မဲရုံနဲ့ကိုက် ၅၀ခန့်အကွာမှာရှိတဲ့ လူနေအိမ်နဲ့အိမ်သာပေါ်ကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။
အဆိုပါပေါက်ကွဲမှုကြောင့် လူထိခိုက်မှုမရှိမရှိဘူးလို့ သိရပြီး မဲပေးခြင်းကိုလည်း ဆက်လက်ဆောင်ရွက်နေပြီး လုံခြုံရေးတာဝန်ရှိသူတွေကတော့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#PAN