နတ်မောက်မြို့မှာ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို PDF ဖမ်းဆီးသတ်ဖြတ်ခံရ

(မှုခင်း) ဇန်နဝါရီ ၂၄

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စခန်းမအုပ်စု ဒီးဒုတ်ကုန်းကျေးရွာမှာနေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးကို PDF တွေက ဖမ်းဆီးသတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

နတ်မောက်မြို့နယ် စခန်းမအုပ်စု ဒီးဒုတ်ကုန်းကျေးရွာမှာနေထိုင်တဲ့ ပြည်ခိုင်ဖြိုးပါတီ ရပ်ကျေးအမှုဆောင် ဦးအောင်ဝင်း ဟာ ဇန်နဝါရီလ၂၅ နေ့ မနက်အစောပိုင်း ၁ နာရီခန့်က နေအိမ်မှာအိပ်နေချိန် မှာ PDF ၁၀ ဦးခန့်က ဆယ်ကယ်နဲ့ လာဖမ်းဆီးသွားတယ်လို့ သိရပါတယ်။

ဆိုင်ကယ်တွေနဲ့ရောက်ရှိလာတဲ့ PDF တွေဟာ ဦးအောင်ဝင်း ကို နေအိမ်ကနေ ဆွဲခေါ်သွားပြီး အနောက်ဖက်ရှိတဲ့ သရက်ပင်အောက်မှာ ပစ်သတ်ခဲ့ကြတယ်လို့ သိရပါတယ်။

#PAN