ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီးတွင် HARRIER အမျိုးအစား အနက်ရောင်မော်တော်ယာဉ်တိမ်းမှောက်

(မှု့ခင်း)ဇန်နဝါရီ ၂၅

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၄၄/၄)နှင့်(၁၄၄/၅)ဖာလုံကြားတွင် HARRIER အမျိုးအစား အနက်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ တိမ်းမှောက်မှုဖြစ်ပွားကြောင်း သိရသည်။

ယနေ့ ၅နာရီ၅၀မိနစ်အချိန်ခန့်က ရန်ကုန်-နေပြည်တော်အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၄၄/၄)နှင့်(၁၄၄/၅)ဖာလုံကြားတွင် HARRIER အမျိုးအစား အနက်ရောင်ယာဉ်သည် အရှိန်မထိန်းနိုင်ဘဲ ရှေ့ယာဉ် HONDA FIT အမျိုးအစား အဖြူရောင်ယာဉ်၏ နောက်ဝဲဘက်ခြမ်းအား ပွတ်တိုက်မိရာမှ လမ်းဝဲဘက်ခြမ်းရှိ ထန်းပင်(၁)ပင်နှင့် လမ်းဘယ်ရီယာတုံး(၂)တုံးအား တိုက်မိပြီး ပက်လက်တိမ်းမှောက်မှုဖြစ်ပွားကြောယာဥ်တိမ်းမှောက်သည့်နေရာသို့ (၁၁၅)မိုင် အမြန်လမ်းမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် HARRIER အမျိုးအစား အနက်ရောင်ယာဉ်ပေါ်ပါ ကျား(၃)ဦး အနက် ကျား(၁)ဦး ထိခုက်ဒဏ်ရာ (စိုးရိမ်ရ)၊ ကျား(၁) ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ)တို့အား ကြက်ခြေနီအသင်းမှ သူနာတင်ယာဉ်ဖြင့် ဖြူးမြို့နယ် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

#PAN