ပဲခူးတိုင်းတစ်ခုလုံးမှာ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲ အပိုင်း ၃ ခုလုံး အနိုင်ရ

(ပြည်တွင်း) ဇန်နဝါရီ ၂၅

ဒီဇင်ဘာလ ၂၈ ရက်နေ့က စတင်ကျင်းပခဲ့တဲ့ ၂၀၂၅ ခုနှစ်ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း ၃ ပိုင်းလုံးမှာတော့ ပဲခူးတိုင်းဒေသကြီးအတွင်းက မြို့နယ် ၂၈ မြို့နယ်မှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီက အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

တိုင်း​ဒေသကြီးလွှတ်တော် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အ​​ပြင် တိုင်းရင်းသားမဲဆန္ဒနယ်ကိုပါ ​​ပြည်ခိုင်ဖြိုးပါတီက အနိုင်ရရှိထားတယ်လို့ သိရပါတယ်။

“ပဲခူးရှေ့နောက်အားလုံးနိုင်ခဲ့သည် ပြည်သူများဝန်းရံခဲ့ကြသည် အားပေးခဲ့ကြပါသည် မိမိတို့ပါတီပြည်သူများအတွက် တာဝန်များကျေသည်ထက် ပိုအောင်ဆောင်ရွက်ကြပါမည်” လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက သူ့ရဲ့လူမှုကွန်ယက်ကနေ ရေးသားပြောဆိုထားပါတယ်။

ဒီဇင်ဘာလ ၂၈ ရက်နေ့စတင်ကျင်းပတဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ ပဲခူတိုင်းဒေသကြီးက မြို့နယ် (၈) မြို့နယ်၊ အပိုင်း (၂)  မှာတော့ မြို့နယ် ၁၂ မြို့နယ်၊   အပိုင်း (၃) မှာတော့ ၈ မြို့နယ်မှာ ကျင်းပပြုလုပ်ခဲ့တာဖြး်ပါတယ်။

#PAN