
(ပြည်တွင်း) ဇန်နဝါရီ ၂၅

ကမ္ဘောဒီးယားနိုင်ငံအတွင်း အွန်လိုင်းလိမ်လည်လောင်းကစားမှုတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ပါဝင်ပတ်သက်သူ မြန်မာနိုင်ငံသား ၄၃၀ ကို မြန်မာနိုင်ငံကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ကမ္ဘောဒီးယားနိုင်ငံ မြန်မာသံရုံးကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသားအနက် ပထမအသုတ်အနေဖြင့် မြန်မာနိုင်ငံသား ၁၃၆ ဦးကို မြန်မာ့လေကြောင်းလိုင်း (MAI) နဲ့ ဇန်နဝါရီ ၂၃ ရက် နံနက်အစောပိုင်းမှာ မြန်မာနိုင်ငံ၊ မန္တလေးမြို့မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ပြန်လည်ခေါ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။
ဒုတိယအသုတ်အနေနဲ့ မြန်မာနိုင်ငံသား ၅၀ ဦးကို ဇန်နဝါရီ ၂၅ ရက် ယနေ့မှာ မြန်မာ့လေကြောင်းလိုင်း (MAI) နဲ့ မြန်မာနိုင်ငံ၊ မန္တလေးမြို့ရှိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကိုခေါ်ဆောင်လာခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ နောက်ထပ် ၁၉၀ ဦးကို ယနေ့ ညနေပိုင်းမှာ တပ်မတော်လေယာဉ် ၂ စီး နဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကို ခေါ်ဆောင်ခဲ့သလို ဒီနေ့ညနေပိုင်းမှာပဲ ထပ်မံပြီး နောက်ထပ် ၁၉၀ ဦးကို တပ်မတော်လေယာဉ် ၂ စီးနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ကို ပြန်လည်ခေါ်ဆောင်ရောက်ရှိခဲ့တယ်လို့ သိရပါတယ်။

ဒီနေ့အထိ မြန်မာနိုင်ငံသား ၅၆၆ ဦး ပြန်လည်ရောက်ရှိခဲ့ပြီးဖြစ်တယ်လို့သိရပြီး အဆိုပါကမ္ဘောဒီးယားနိုင်ငံက ပြန်လည်ရောက်ရှိလာတဲ့ မြန်မာနိုင်ငံသားတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက လိုအပ်တဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ မှတ်တမ်းတွေ စာရင်းကောက်ယူခြင်းလုပ်ငန်းတွေ လိုအပ်တဲ့ စစ်ဆေးမှုတွေ ဆောင်ရွက်ကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ပြီး ကမ္ဘောဒီးယားနိုင်ငံမှာကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေကို အမြန်ဆုံးပြန်လည်ခေါ်ဆောင်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။
#PAN