(ပြည်တွင်း) ဇန်နဝါရီ ၂၄
မင်းဘူးမြို့နယ် ကျွန်းပြားရွာအနောက်ဘက်မှာရှိတဲ့ တောထဲကို PDF အကြမ်းဖက်တွေရောက်ရှိလာတာကြောင့် ဒေသခံတွေ စိုးရိမ်ထိတ်လန့်မှုတွေရှိနေတယ်လို့ သိရပါတယ်။

သတင်းအရင်းအမြစ်တွေရဲ့အဆိုအရ အဆိုပါ PDF အကြမ်းဖက်အဖွဲ့ ၂၀ ခန့်ဟာ ဇန်နဝါရီ ၂၀ ရက်ကတည်းက ရောက်ရှိနေတာလို့သိရပြီး ဒီနေ့မှာလည်း ထပ်မံရောက်လာတဲ့အတွက် ၆၀ ခန့်ထိရှိလာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့က မင်းဘူးမြို့နယ်ထဲက မုန်ထောင်ရဲစခန်းကို PDF တွေက ဝင်တိုက်ခဲ့လို့ ရဲစခန်းကျကာ လိုင်းခန်းအချို့ကို မီးရှိုခဲ့ပြီး ပြန်ဆုတ်သွားခဲ့တဲ့ ဖြစ်စဥ် ရှိခဲ့ဖူးတယ်လို့ သိရပါတယ်။
ဒါကြောင့် ဒေသခံတွေဟာ ကျေးရွာအနီးကို PDF အကြမ်းဖက်တွေရောက်ရှိလာတဲ့အပေါ် စိုးရိမ်စိတ်တွေအပြင် ထိတ်လန့်မှုတွေလည်းရှိနေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက်နေ့ကစလို့ ကျွန်းပြားရွာရဲ့ အနောက်ဘက်ကိုယူနီဖောင်းဝတ် PDF အကြမ်းဖက်တွေဟာ လက်နက်တွေနဲ့ စတင်ရောက်ရှိခဲ့ကြပြီး အဲ့ဒီထဲက အင်အားတစ်ချို့ဟာ သီးကုန်း၊ မုန်ထောင်၊ မကျီးသုံးပင်၊ ရေပေါ်၊ ချောင်းဖြူရွာ တွေဆီကို လှည့်လည်သွားခဲ့ကြကြတယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ ကျွန်းပြားကျေးရွာအနီးမှာ အင်အား ၂၀ ခန့် ကျန်နေတယ်လို့သိရပြီး အဲ့ဒီ PDF အဖွဲ့တွေဟာ မုန်ထောင်ရဲစခန်းတိုက်တဲ့အဖွဲ့ ဟုတ်တယ် မဟုတ်ဘူးဆိုတာကိုတော့ အတည်မပြုနိုင်ဘူးလို့ သတင်းအရင်းအမြစ်က ပြောဆိုထားပါတယ်။
#PAN