လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ခေါင်းဖြတ် သတ်

(မှုခင်း)ဇန်နဝါရီ ၂၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ ဆပ်သွားတော ပေတရာ မြောက်ပိုင်းရပ်ကွက်တွင် ယနေ့နံနက်၁၀နါရီခန့်က လင်မယားချင်းစကားများ ရန်ဖြစ်ရာမှ ခင်ပွန်းဖြစ်သူက ဇနီးဖြစ်သူအား ခေါင်းဖြတ် သတ်ဖြတ် သွားကြောင်း သိရသည်။

ဖြစ်စဥ်တွင် အမျိုးသားမှာ ဇနီးဖြစ်သူ၏ ဦးခေါင်းပြက်ကို ကိုင်ပြီးလမ်းမပေါ် ထွက်လာကြောင်း ၎င်းနောက် လမ်းပေါ်ရှိ ကားတစ်စီးကို ဓားဖြင့်ထောက်ကာ မောင်းခိုင်းခဲ့ကြောင်း၊ ယင်းသို့ ထွက်ပြေးစဉ် မှော်ဘီတိုးဂိတ်တွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ လင်မယားသည် ၎င်းရပ်ကွက်တွင် အိမ်ငှားနေထိုကြကြောင်း ၊အသတ်ခံရသည့် ဇနီးဖြစ်သူမှာ  အထည်ချုပ်လုပ်ငန်းမှ ပြီးခဲ့သည့်တစ်လကျော်က အလုပ်ထွက်ထားခြင်းဖြစ်ကြောင်း၊ ယောကျ်ားဖြစ်သူမှာ မူးယစ်ဆေးသုံးဆွဲပြီး ဆေးကြောင်ကာ ယခုလို သတ်ဖြတ်ခြင်းဖြစ်ကြောင်း သိရပြီး  သက်ဆိုင်ရာတာဝန်ရှိသူများက ဆက်လက်စစ်ဆေး လျက်ရှိကြောင်း သိရသည်။