(မှုခင်း)ဇန်နဝါရီ ၂၄
တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ ပိတောက်လမ်း၊ အိမ်အမှတ်-၆၇၌ အမျိုးသမီး(၁)ဦး ပြန်ပေးဆွဲခံ ရကြောင်း သိရသည်။

ယနေ့နံနက် ၉နာရီ၁၅မိနစ်အချိန်က ဒေါ်နန်းစံတစ်၊ ၄၉ နှစ်၊ (ဘ)ဦးစိုင်းတစ်၊ အိမ်အမှတ်-၆၇(က/ခ)၊ ပိတောက်လမ်း၊ ဆန်ဆိုင်း(က)ရပ်ကွက်၊ တာချီလိတ်မြို့နေသူသည် နံနက်၉နာရီ အချိန် နေအိမ်ဈေးဆိုင်အတွင်းရှိ ဈေးရောင်းကောင်တာတွင် ထိုင်နေစဉ် အဖြူရောင်မော်တော်ယာဉ်ပေါ်မှ အမျိုးသား(၄)ဦးဆင်းလာပြီး သေနတ် (၃)လက်ကိုင်ဆောင်ကာ သေနတ်ဖြင့် ချိန်ရွယ်ပြီး ဒေါ်နန်းစံတစ် အား ယာဉ်ပေါ်သို့ တင်ဆောင်၍ မောင်းနှင်ထွက်ပြေးသွားကြောင်း သိရှိရ သည်။

အဆိုပါ ပြစ်မှုကျုးလွန်သူတရားခံများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ပြစ်မှုကျူးလွန်ခဲ့သူများ အခင်းဖြစ်စဉ် မောင်းနှင်အသုံးပြုခဲ့သည့် မော်တော်ယာဉ် ထွက်ခွာရာ လမ်းကြောင်းတစ်လျှောက်ရှိ CCTV မှတ်တမ်းများအား လိုက်လံကြည့်ရှု့ပြီး ပိတ်ဆို့စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#PAN