(ပြည်တွင်း) ဇန်နဝါရီ ၂၄
ဇန်နဝါရီ ၂၅ ရက်မှာ ကျင်းပပြုလုပ်မယ့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း (၃)ကို လာရောက်လေ့လာကြတဲ့ နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့် လေ့လာသူတွေဟာ လေကြောင်းခရီးစဉ်တွေနဲ့ ရန်ကုန်မြို့သို့ရောက်ရှိလာကြတယ်လို့ သိရပါတယ်။

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ဟာ ဇန်နဝါရီ ၁၉ ရက် မွန်းလွဲပိုင်းမှာရောက်ရှိလာသလို ဘယ်လာရုစ်သမ္မတနိုင်ငံ ဘယ်လာရုစ်ပါတီက Ms.Vohila N. Chamadanova ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ကလည်း ဇန်နဝါရီ ၂၁ ရက်ညပိုင်းကရောက်ရှိလာခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်ဒိုနီးရှား နိုင်ငံရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Ms, Yusti Erina ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့နဲ့ နီပေါနိုင်ငံ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် Dr. Janaki Kumari Tuladhar ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တွေဟာလည်း ဇန်နဝါရီ ၂၃ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့ကို လေကြောင်းခရီးနဲ့ ရောက်ရှိလာကြတယ်လို့ သိရပါတယ်။

အလားတူ ကမ္ဘောဒီးယားနိုင်ငံ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် Mr. Yich Samethy ဦးဆောင်တဲ့ကိုယ်စားလှယ်အဖွဲ့၊ နီကာရာဂွါနိုင်ငံက Mr, Mario Jose Armengol Campos ဦးဆောင်တဲ့ကိုယ်စားလှယ် အဖွဲ့နဲ့ International Conference of Asian Political Parties (ICAPP) အဖွဲ့က ဒုတိယဥက္ကဋ္ဌ Dr. Chheng Kimlong ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တွေဟာ ဇန်နဝါရီ ၂၃ ရက်နေ့ ညပိုင်းမှာ
ရန်ကုန်မြို့ကိုအသီးသီရောက်ရှိလာကြတာဖြစ်တယ်လို့ သိရပါတယ်။
#PAN