(မှုခင်း) ဇန်နဝါရီ ၂၄
မန္တလေးတိုင်းဒေသကြီး၊ သာစည်
မြို့နယ်၊ ဆံမြိတ်ရှည်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းအုပ်ကြီး အမှတ်(၃) မဲရုံမှူး ဦးရဲလင်းဦး (၄၆)နှစ်ဟာ ကျောင်းဝင်းအတွင်းဖွင့်လှစ်ထားတဲ့ မဲရုံအမှတ်(၃)မှာ ကျေးရွာ
အုပ်ချုပ်ရေးမှူး ဦးကျော်ရင်နဲ့အတူ မဲပေးစက်တွေ ပျက်စီးမှုမရှိစေရေး လုပ်ငန်းတာဝန်တွေ
ဆောင်ရွက်နေချိန်မှာ အဆိုပါကျေးရွာနေ ကျော်မိုးဦး (၃၄)နှစ်ဟာ အရက်သေစာ သောက်စားမူးယစ်ကာ ရောက်ရှိလာပြီး မဲရုံမှူး ဦးရဲလင်းဦးကို ညစ်ညမ်းစွာဆဲဆိုခဲ့တယ်လို့ သိရပါတယ်။

အရက်သေစာ သောက်စားမူးယစ်ကာ မဲရုံမှူး ဦးရဲလင်းဦးကို ညစ်ညမ်းစွာဆဲဆိုခဲ့တဲ့ ကျော်မိုးဦးကို ဇန်နဝါရီလ ၁၅ ရက်နေ့က သာစည်မြို့မရဲစခန်း (ပ)၁၇/၂၀၂၆၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို
နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) နဲ့ ဖမ်းဆီးအရေးယူထားတယ်လို့ သိရပါတယ်။
အလားတူ ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက် ၁၀ နာရီ ၄၅ မိနစ်အချိန်ကလည်း ရန်ကုန်တိုင်း
ဒေသကြီး၊ တောင်ဥက္ကလာပမြို့ နယ်၊ အမှတ်(၁၃)ရပ်ကွက်နေ ပြည်သူ့အလုပ်သမားပါတီက တွဲဖက်အရေးမှူး ဒေါ်ခင်ကလျာကျော် (၃၅)နှစ်နဲ့ဖွဲ့ဟာ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်၊ ဗိုလ်မင်းခေါင်လမ်းနဲ့ ရှင်ထွေးညိုလမ်းထောင့်မှာ ပါတီမဲဆွယ်စည်းရုံးရေးအတွက် ဆိုင်းဘုတ်စိုက်ထူဖို့ ပြုလုပ်နေစဉ် အဲ့ဒီလမ်းဆုံအနီးမှာရှိတဲ့ အဖျော်ယမကာဆိုင်ကနေ ဦးမြတ်ကျော်သူ (၄၃)နှစ်နဲ့ ဇနီး ဒေါ်မိုးသပြေ (၄၁)နှစ်တို့က ဆိုင်းဘုတ်စိုက်ထူခြင်း မပြုလုပ်ဖို့ နည်းလမ်းမျိုးစုံနဲ့ လာရောက်တားမြစ်ပြီး ဦးမြတ်ကျော်သူက ညစ်ညမ်းတဲ့အပြုအမူနဲ့ ပြုမူလုပ်ဆောင်ခဲ့တာကြောင့် မြတ်ကျော်သူနဲ့ မိုးသပြေတို့ကို ဇန်နဝါရီလ ၁၅ ရက်နေ့က ဒဂုံမြို့ သစ်(အရှေ့ပိုင်း) မြို့မရဲစခန်း (ပ)၁၀/၂၀၂၆၊ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(က) အရေးယူထားတယ်လို့ သိရပါတယ်။
ထို့နည်းတူပဲ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်အချိန်ခန့်က ခရမ်းမြို့နယ်၊ ညောင်ကုန်းကျေးရွာ ရွာလယ်လမ်းပေါ်မှာ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးရေးအဖြစ် စိုက်ထူ
ထတဲ့ ဗီနိုင်းဆိုင်းဘုတ်ကို အမျိုးသားနှစ်ဦးက မီးရှို့ဖျက်ဆီးနေသတင်းအရ ခရမ်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်တွေက သွားရောက်စစ်ဆေးခဲ့ရာ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲဆွယ်စည်းရုံးရေး ဗီနိုင်းဆိုင်းဘုတ်ဟာ မီးလောင်ပျက်စီးနေတာကို တွေ့ရှိရတာကြောင့် ပြစ်မှုကျူးလွန်သူတွေကို စုံစမ်းဖော်ထုတ်ခဲ့ရာ အဆိုပါကျေးရွာမှာနေထိုင်တဲ့ လှဌေးအောင် (ခ) ကိုဌေး (၄၇)နှစ်နဲ့ ဖြိုးဇော်အောင် (ခ) ရွှေလိပ် (၂၈)နှစ်တို့ဖြစ်တာကို သိရှိရတြ့အတွက် ထိုသူနှစ်ဦးကို ဇန်နဝါရီလ ၁၇ ရက်နေ့မှာ
ခရမ်းမြို့မရဲစခန်း(ပ)၅/၂၀၂၆၊ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား
ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ နဲ့ အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
ထို့အတူ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂ ရက်နေ့ကလည်း ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဆ/က ရပ်ကွက်နေ ထားထက်ထက် (၃၆)နှစ်ဟာ ၎င်းအသုံးပြုနေတဲ့ “Htar Htet Htet” Facebook အကောင့်နဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အများပြည်သူ အထင်အမြင်
လွဲမှားစေဖို့ လှုံ့ဆော်ရေးသားထားတဲ့ စာသာတွေကို ရေးသားလွှင့်တင်ခဲ့တာကို စိစစ်တွေ့ရှိ
ရတာကြောင့် ထားထက်ထက်ကို ဇန်နဝါရီလ ၁၂ ရက်နေ့မှာ သင်္ဃန်းကျွန်းမြို့မရဲစခန်း (ပ)၉/၂၀၂၆၊
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်
ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ နဲ့အရေးယူထတယ်လို့ သိရပါတယ်။
အလားတူ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့ နယ်၊ သိုက်ကျင်းမကျေးရွာနေ ပြည်ခိုင်ဖြိုးပါတီမှ ကျေးရွာစည်းရုံးရေးမှူး
ဦးခင်မောင်ဝင်း (၅၂)နှစ်ရဲ့ ဦးလေးဖြစ်သူ ဦးမြင့်ဇော်ဟာ ၎င်းရဲ့နေအိမ်၌ရှိနေချိန် တစ်ရွာတည်းနေ ရဲဝင်းနိုင်(ခ) ရဲလေး (၄၆)နှစ် ရောက်ရှိလာပြီး ဦးခင်မောင်ဝင်းကို ပြည်ခိုင်ဖြိုးပါတီ
မဲဆွယ်စည်းရုံးရေး လုပ်ငန်းတွေ လုပ်ဆောင်ခြင်းမပြုဖို့နဲ့ လုပ်ဆောင်ပါက PDF ကိုဆက်သွယ်ပြီးသတ်ခိုင်းမယ်”လို့ ခြိမ်းခြောက်ပြောဆိုခဲ့တာကြောင့် ရဲဝင်းနိုင်(ခ)ရဲလေးကို ဇန်နဝါရီလ ၁၄ ရက်နေ့က
ပေါက်ခေါင်းမြို့ မရဲစခန်း (ပ)၄/၂၀၂၆၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်
ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄ (က)ဖြင့်လည်းကောင်း အမှုရေးဖွင့်ကာ
ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးနိုင်ရေးနှင့် ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
#PAN