မန္တလေးမှာ PDF ၁၄၀ အလင်းဝင်

(ပြည်တွင်း) ဇန်နဝါရီ ၂၄

အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တပ်ရင်းတပ်ဖွဲ့တွေဆီကို မန္တလေးနဲ့ မကွေးတိုင်းဒေသကြီးမှာရှိတဲ့ PDFအကြမ်းဖက်အဖွဲ့တွေက အမျိုးသား ၁၄၁ ဦးနဲ့ အမျိုးသမီး ၈ ဦး၊ ပေါင်း ၁၄၉ ဦးတို့ လက်နက်၊ ခဲယမ်းနဲ့အတူ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ PDF အဖွဲ့ဝင်တွေကို ဇန်နဝါရီလ ၂၃ ရက်နေ့က အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ရန်အောင်မြင်ခန်းမမှာ ဂုဏ်ပြုထောက်ပံ့မှုတွေပြုလုပ်ကာ မိသားစုဝင်တွေထံအပ်နှံခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်ရောက်လာကြတဲ့အထဲမှာ မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်က အမျိုးသား(၄)ဦး၊ အမျိုးသမီး(၃)ဦး၊ မဟာအောင်မြေမြို့နယ်က အမျိုးသား(၁၄)ဦး၊ ချမ်းမြသာစည်မြို့နယ်က အမျိုးသား(၁)ဦး၊ အမရပူရမြို့နယ်က အမျိုးသား(၃)ဦး၊ အမျိုးသမီး(၁)ဦး၊ ပြင်ဦးလွင်မြို့နယ်က အမျိုးသား(၃)ဦး၊ သပိတ်ကျင်းမြို့နယ်က အမျိုးသား(၆၉)ဦး၊ မိုးကုတ်မြို့နယ်က အမျိုးသား(၈)ဦး၊ စဉ့်ကူးမြို့နယ်က အမျိုးသား(၆)ဦး၊ စဉ့်ကိုင်မြို့နယ်က အမျိုးသား(၉)ဦး၊ နွားထိုးကြီးမြို့နယ်က အမျိုးသား (၁)ဦး၊ ညောင်ဦးမြို့နယ်အမျိုးသား(၃)ဦး၊ မြင်းခြံမြို့နယ်က အမျိုးသား(၅)ဦး၊ မတ္တရာမြို့နယ်က အမျိုးသား(၅)ဦး၊ မကွေးတိုင်းဒေသကြီး မကွေးမြို့နယ်က အမျိုးသား(၁)ဦး၊ ငဖဲမြို့နယ်က အမျိုးသား(၁)ဦး၊ ပွင့်ဖြူမြို့နယ်က အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး၊အောင်လံမြို့နယ်က အမျိုးသား(၃)ဦး၊ မင်းတုန်းမြို့နယ်မှ အမျိုးသား(၂)ဦး၊ စလင်းမြို့နယ်မှအမျိုးသား(၁)ဦး၊ အမျိုးသမီး(၃)ဦး၊ စုစုပေါင်း (၁၄၉)ဦး တို့​​ဖြစ်တယ်လို့ သိရပါတယ်။

#PAN