




(မှုခင်း)ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ သာယာကုန်းရပ်ကွက်၊ ယုဇနပလာဇာအနီး နှင်းဆီလမ်းတွင် ယနေ့နံနက် ၁၀နါရီခွဲကျော်ချိန်က မီးလောင်မှုဖြစ်ပွားကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
မီးလောင်သည့်နေရာသို့ မင်္ဂလာတောင်ညွှန့်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ ရေသယ်ယာဉ်(၁)စီး ထွက်ခွာလျက်ရှိသည်။
ထို့နောက် နံနက်၁၀နါရီ ၃၉ မိနစ်အချိန် Level 1 ယာဉ်အုပ်စုများဖြင့်လည်းကောင်း၊ နံနက်၁၁နာရီကျော် အချိန်တွင်Level 2 ယာဉ်အုပ်စု ထွက်ခွာငြှိမ်းသတ်ခဲ့ရာ
နံနက်၁၁ နာရီမိနစ်၄၂မိနစ် အချိန်တွင် မီးငြိမ်းနိုင်ကြောင်း သိရသည်။သည်။