
(မှုခင်း) ဇန်နဝါရီ ၁၉
ယာခင်းထဲမှာစိုက်ပျိုးရေးလုပ်နေတဲ့ တောင်တွင်းကြီးမြို့နယ် သစ်ခုတ်ကွင်းကျေးရွာက ဒေသခံပြည်သူတစ်ဦးကို PDF အကြမ်းဖက်တွေက် ဒလန်ခေါင်းစဉ်တပ်ကာ သတ်ဖြတ်သွားခဲ့ကြတယ်လို့ သိရပါတယ်။
ဇန်နဝါရီလ ၁၇ ရက်နေ့ မနက် ၁၁ နာရီခန့်က မကွေးတိုင်း ဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ သစ်ခုတ်ကွင်းကျေးရွာနေ ဦးစိုးနိုင်(၅၄)နှစ်ဟာ ကျေးရွာရဲ့အနောက် မြောက်ဘက် တစ်မိုင်ခန့်အကွာမှာရှိတဲ့ ယာခင်းအတွင်းမှာ စိုက်ပျိုးရေးလုပ်နေချိန် PDF သုံးဦးက လာရောက် သတ်ဖြတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။
ဆိုင်ကယ်နှစ်စီးနဲ့ရောက်လာပြီး ဒလန် လို့ခေါင်းစဉ်တပ်ခံရပြီး သတ်ဖြတ်ခံခဲ့ရတဲ့ ဦးစိုးနိုင်ဟာ ကျေးရွာအတွင်း အနေအေးသလို ကျေးရွာအတွင်းမှာလည်း ပြဿနာတစ်စုံတရာမရှိထားပေမယ့် ဘာကြောင့် အခုလိုလာရောက်သတ်ဖြတ်သွားတယ်ဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတွေက ပြောပါတယ်။