



(ပြည်တွင်း) ဇန်နဝါရီ ၁၉
လောကသရဖူစေတီတော်မြတ်ကြီးတည်ဆောက်ရာမှာ ရာသီဥတုဒဏ်ခံနိုင်ရေးနဲ့ သဘာဝဘေး၊ ငလျင်ဘေး အန္တရာယ်တွေ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေးအတွက် တွက်ချက်တည်ဆောက်ဖို့ နိုင်ငံတော် ယာယီသမ္မတ မှာကြားထားတယ်လို့ သိရပါတယ်။
နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌဟာ ဇန်နဝါရီလ ၁၈ ၇◌က်နေ့ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ ဗုဒ္ဓဥယျာဉ်ပရိဝုဏ်တော်အတွင်းတည်ထားကိုးကွယ်မယ့် လောကသရဖူစေတီတော်မြတ်ကြီး တည်ဆောက်ရေးလုပ်ငန်းကိုရောက်ရှိကြပြီး မြေကြီးလုပ်ငန်းတွေဆောင်ရွက်ထားရှိမှု၊ ပင်မစေတီတော်တည်ဆောက်ခြင်း၊ ရင်ပြင်ကြမ်းခင်းခြင်း၊ အရံစေတီတွေတည်ဆောက်ခြင်း၊ ပစ္စယံတွေ ကျောက်စီခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေတွေကို သွားရောက်ကြည့်ရှု့ချိန်မှာ မှာကြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
စေတီတော်ကြီးတည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာမှာ ရေယိုစိမ့်ခြင်း၊ ရေတိုက်စားခြင်းတွေ မဖြစ်စေရေးအတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်စဉ်ကတည်းကပင် ရေဝင်၊ ရေထွက်နဲ့ ရေထုတ်စနစ်တွေ စနစ်တကျဖြစ်စေရေး တွက်ချက် ဆောင်ရွက်သွားဖို့ ရာသီဥတုဒဏ်ခံနိုင်ရေးနဲ့ သဘာဝဘေး၊ ငလျင်ဘေး အန္တရာယ်တွေ အတိုင်းအတာတစ်ခုအထိ ခံနိုင်ရည်စံနှုန်းရှိစေရေးအတွက်လည်း တွက်ချက်တည်ဆောက်ဖို့
တည်ဆောက်ရေးလုပ်ငန်းဧရိယာ တောင်စောင်းတွေပေါ်မှာ သစ်ပင်တွေကိုလည်း စနစ်တကျနဲ့ ပြန်လည်စိုက်ပျိုးသွားဖို့ ရင်ပြင်တော်ပေါ်မှာ နေပူခံကျောက်ပြားတွေခင်းကျင်းရာမှာ ဒီဇိုင်းရေးဆွဲပြီးမှသာ စနစ်တကျနဲ့ ခင်းကျင်းသွားဖို့ လမ်းညွှန်မှာကြားခဲ့တယ်လို့ သိရပါတယ်။