
(မှုခင်း)ဇန်နဝါရီ ၁၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ဝန်ဇင်းရပ်ကွက်၊ နယ်မြေ (၁၆) တွင် ဇန်နဝါရီလ ၁၇ရက်နေ့ နံနက် ၁၀နါရီအချိန်က Bluetooth Box ဖွင့်ရန် မီးပလပ်ပေါက်အား အားသွင်းကြိုးထိုးရာမှ လူငယ်တစ်ဦး ဓာတ်လိုက်ပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူ အမျိုးသားမှာ ညောင်ကားယားတွင် နေထိုင်သည့် အသက်(၁၉) နှစ်အရွယ် မောင်အောင်သော်ခန့်ဖြစ်ပြီး ပန်းရံအလုပ် လုပ်ကိုင်နေသူဖြစ်ကြောင်း၊
နေအိမ်တစ်ထပ်တိုက်ဆောက်လုပ်နေစဉ် ၎င်းနေအိမ်၏ အပြင်ဘက်လမ်းမပေါ်တွင် မီးပလပ်ခုံကို လက်ဖြင့်ကိုင်ပြီး Bluetooth Box ကြိုးဖြင့် ထိုးရာမှဓာတ်လိုက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဓာတ်လိုက်ခံရသူ အောင်သော်ခန့်အား ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သော်လည်း ဆေးကုပေးနေဥ် သေဆုံးသွားခဲ့ကြောင်း မြို့ခံလူမှုကူညီရေးအသင်းထံမှ သိရသည်။