
(ပြည်တွင်း) ဇန်နဝါရီ ၁၆
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ မြသီတာအားကစားကွင်းတွင် လူဦးရေ ၂,၀၀၀ ဆံ့တဲ့ မိုးလုံလေလုံ အားကစားရုံတည်ဆောက်နေကြောင်း သိရပါတယ်။
အဆိုပါတည်ဆောက်မှုကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေနဲ့ တည်ဆောက်နေခြင်း ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် မြသီတာဘောလုံးကွင်းကိုလည်း ပြန်လည်အဆင့်မြှင့်တင်လျက်ရှိကာ သတ်မှတ် စံချိန်/စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မီစေရေးတို့အတွက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနက ကြပ်မတ် ဆောင်ရွက်လျက်ရှိပါတယ်။