(ပြည်တွင်း) ဇန်နဝါရီ ၁၄
ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ဟာ ရွေးကောက်ပွဲကော်မရှင်ကို ခွင့်ပြုချက်တင်ပြခြင်းမရှိဘဲ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၁၈ ရက် ၁၄၀၀ နာရီမှ ၁၅ဝဝ နာရီအချိန်ခန့်အထိ ရန်ကုန်တိုင်းဒေသကြီး၊ဗဟန်းမြို့နယ်၊ နတ်မောက်လမ်းရှိ စားသောက်ဆိုင်တစ်ခုမှာ ပြည်ပသံရုံးတစ်ရုံးက ပုဂ္ဂိုလ်အချို့နဲ့Mask တပ်ဆင်ပြီး တရားမဝင် လျှို့ဝှက်စွာတွေ့ဆုံခဲ့တယ်လို့ သတင်းပို့တိုင်ကြားမှုရှိခဲ့တယ်လို့ ရွေးကော်ကထုတ်ပြန်ပါတယ်။

အဆိုပါ အကြောင်းအရာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့ရာ မှန်ကန်တာတွေ့ရှိရတဲ့အပြင် ဒေါက်တာသက်သက်ခိုင်နဲ့ ဒေါ်ထက်ထက်လှိုင်တို့ကလည်း မှန်ကန်တယ်လို့ ဝန်ခံထွက်ဆိုခဲ့တယ်လို့လည်း ရွေးကော်ကပြောပါတယ်။

ဒါကြောင့် ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌ ဒေါက်တာသက်သက်ခိုင်နဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဒေါ်ထက်ထက်လှိုင်တို့ကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။

နိုင်ငံရေးပါတီများအနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၀၇ (ဂ)၊ ပုဒ်မ ၄၀၈ နဲ့နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၆(စ)ပါ ပြဋ္ဌာန်းချက်တွေအရ “ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အစိုးရ ဒါမှမဟုတ် ဘာသာရေးအဖွဲ့အစည်း ဒါမှမဟုတ် အခြားအဖွဲ့အစည်းတစ်ခုခု ဒါမှမဟုတ် ပုဂ္ဂိုလ်တစ်ဦးဦးထံမှ ငွေကြေး၊ ပစ္စည်း၊ အခြားအထောက်အပံ့ကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ရယူသုံးစွဲခြင်း ဒါမှမဟုတ် ယင်းတို့ရဲ့ဩဇာခံယူခြင်း မပြုရေး ” ကို စောင့်ထိန်းလိုက်နာရန်တာဝန်ရှိပြီး လိုက်နာရန်ပျက်ကွက်ပါက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကိုပယ်ဖျက်ရမာှဖြး်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ၁၁-၈-၂၀၂၂ ရက်စွဲပါ
စာအမှတ်၊ ၅/နငရ-ကြီးကြပ်(၄၉)/ကမရ နဲ့ နိုင်ငံရေးပါတီအားလုံးကို အကြောင်းကြားခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးပါတီတွေ
အနေနဲ့ နိုင်ငံခြားတိုင်းပြည်တစ်ခုခုရဲ့ အဖွဲ့အစည်း ဒါမှမဟုတ်
လူပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံဖို့ရှိခဲ့ရင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ကြိုတင်တင်ပြပြီး
ခွင့်ပြုချက်ရရှိမှသာ တွေ့ဆုံဖို့ဖြစ်ပြီး သင့်လျော်တဲ့အစီအမံနဲ့ စိစစ်ခွင့်ပြုပေးမှာဖြစ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၃-၈-၂ဝ၂၂ ရက်စွဲပါစာအမှတ်၊
၅/နငရ-ကြီးကြပ် (၅၁)/ကမရ နဲ့ နိုင်ငံရေးပါတီအားလုံးကို ထပ်မံအကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ သံရုံးတွေ/အဖွဲ့အစည်းတွေနဲ့ လျှို့ဝှက်စွာတွေ့ဆုံနေတယ်ဆိုတာသိရှိရတဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြခွင့်ပြုချက်ရရှိမှသာတွေ့ဆုံဖို့နဲ့ ခွင့်ပြုချက်မရရှိဘဲတွေ့ ဆုံပါက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၁၂ နဲ့
အညီ ဆောင်ရွက်သွားမှာဖြစ်တယ်ဆိုတာကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ၂၂-၁၂-၂၀၂၅ ရက်စွဲပါ
စာအမှတ်၊ ၅ / နငရ-ကြီးကြပ် (၂၀၁) / ကမရ နဲ့ ပြည်သူ့ရှေ့ဆောင်ပါတီဥက္ကဋ္ဌထံကို လိပ်မူကာ သတိပေးအကြောင်းကြားခဲ့တယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
#PAN