(ပြည်တွင်း)ဇန်နဝါရီ ၁၄
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား ဖောက်ခွဲရန်ပြင်ဆင်ထားသည့် မိုင်းအား တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ အချိန်မီ ရှင်းလင်းနိုင်ခဲ့ကြောင်း သိရသည်။

ယနေ့နံနက် ၁၀နာရီ၄၀မိနစ်အချိန်က တောကျွဲအင်းနယ်မြေရဲစခန်း အနီးရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင်အမှတ် ၁၁၂/၇ အနီးရှိ သပိတ်တံတား (သံကူကွန်ကရစ်) အောက် သံဘောင်များကြားတွင် ပုံးအဝါများဖြင့် မိုင်းထောင်ထားကြောင်း အကြမ်းဖက်မှုကိုမလိုသည့် တာဝန်သိပြည်သူများ၏ သတင်းပေးချက်အရ ကျောက်တံခါး မြို့နယ်ရှိလုံခြုံရေးပူးပေါင်းအဖွဲ့မှ မိုင်းရှင်းလင်းဆောင်ရွက်ခဲ့ရကြောင်း သိရသည်။

အဆိုပါနေရာတွင် တံတားအား ဖောက်ခွဲရန်ပြင်ဆင်ထားသည့် ၁၀ ပိသာဝင် ပုံးအဝါဖြင့် မိုင်း ၁၈ လုံး တွေ့ရှိရကြောင်း သိရသည်။

#PAN