(ပြည်တွင်း) ဇန်နဝါရီ ၁၄
ပြည်သူ့ရှေ့ဆောင်ပါတီ PPP ရဲ့ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသက်သက်ခိုင်ဟာ တာဝန်ရှိသူတွေရဲ့ခေါ်ယူစစ်ဆေးမှုကိုခံနေရတယ်လို့ သတင်းတစ်ချို့ထွက်ပေါ်နေပါတယ်။
ဇန်နဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းက ဒေါ်သက်သက်ခိုင်ကိုလာရောက်ခေါ်ဆောင်သွားတာဖြစ်ပြီး သူနဲ့အတူ ပါတီဗဟိုကော်မတီဝင်တစ်ဦးလည်း ခေါ်ယူစစ်ဆေးခံထားရတယ်လို့လည်း ထွက်ပေါ်နေတသတင်းတွေအရ သိရပါတယ်။

ပြည်သူ့ရှေ့ဆောင်ပါတီ PPP ပါတီဥက္ကဋ္ဌနဲ့ ပါတီတာဝန်ရှိသူတစ်ဦးကို ဘာကြောင့်ခေါ်ယူစစ်ဆေးနေရသလဲဆိုတာကိုတော့ ပါတီဘက်က တရားဝင်ထုတ်ပြန်ထားချက်တော့ မရှိသေးပါဘူး။
လက်ရှိကျင်းပနေတဲ့ ပါတီစုံအထွေထွေရွေးကောက်ပွဲမှာ ပြည်သူ့ရှေ့ဆောင်ပါတီ PPP က တစ်နိုင်ငံအတိုင်းအတာနဲ့ဝင်ရောက်ယှဥ်ပြိုင်နေပြီး ကောက်ခံကိုယ်စားလှယ်မရှိသေးဘူးလို့ သိရပါတယ်။
#PAN