ပြွန်တန်ဆာတွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်PDFအဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

(မှုခင်း) ဇန်နဝါရီ ၁၂

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ပြွန်တန်ဆာမြို့၊ မြို့မ( ၁)ရပ်ကွက် အုပ်ချုပ်ရေးမှူးအား အကြမ်းဖက်PDFအဖွဲ့မှ နေအိမ်အတွင်းဝင်ရောက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားကြောင်းသိရသည်။

ယနေ့နံနက် ၅နာရီ၄၅မိနစ်အချိန်က မြို့မ (၁)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးလှသောင်း (၆၈ )နှစ် (ဘ )ဦးစံတင် သည်နေအိမ်၌ ရှိနေစဥ် ဆိုင်ကယ်( ၃)စီး ဖြင့် ပြောက်ကျားဝတ် လူ (၄ )ဦးရောက်ရှိလာပြီး နေအိမ်ရှေ့ရှိအသုတ်ဆိုင်ရှေ့တွင် လူ(၂)ဦးမှ အသုတ်ရမလားဟုမေးပြီး ကျန် (၂)ဦးမှာ နေအိမ်အတွင်းသို့ဝင်သွားပြီး လက်နက်ငယ် ဖြင့် (၃ )ချက်ပစ်ခတ်၍ ပြွန်တန်ဆာမြို့ထဲသို့ပြန်လည်မောင်းနှင် ထွက်ခွာသွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက်PDFအဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးလှသောင်းတွင် ယာဘက် ပေါင် အနောက်မှရှေ့သို့ ဖောက်ဝင်/ထွက်ဒဏ်ရာ( ၁ )ချက် ၊ ယာ ခါး ဖောက်ဝင်ဒဏ်ရာ( ၁)ချက်၊ ယာကျောဖောက်ဝင်ဒဏ်ရာ (၁)ချက်ရရပြီး ပြွန်တန်ဆာတိုက်နယ်ဆေးရုံသို့ပို့ဆောင်ခဲ့ရာ နံနက်၆နာရီ၄၀ မိနစ်အချိန် သေဆုံးသွားခဲ့ကြောင်း၊ ပစ်ခတ်ထွက်ပြေးသူအကြမ်းဖက်များအား လုံခြုံရေးအဖွဲ့မှ လိုက်လံပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း သိရသည်။