ပုလောမြို့နယ်တွင် နေအိမ်မီးလောင်မှုဖြစ်ပွား

(မှုခင်း) ဇန်နဝါရီ ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မင်းသီရီကွက်သစ်လမ်းတွင် ပိုင်ရှင် ဒေါ်အေးခိုင်၏ (၁၈x၁၀)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ခြေတံရှည်နေအိမ်တွင်

ဇန်နဝါရီလ ၁၀ ရက်နေ့၊ ညနေ ၄ နာရီ ၁၀ မိနစ်အချိန်ခန့်က ဖုန်းအားသွင်းထားရာမှ အားသွင်းကြိုး အပူလွန်ကဲပြီး မီးကူးစက်လောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုနေရာသို့ ပုလောမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၂)စီးဖြင့် လာရောက်ငြှိမ်းသတ်ခဲ့ပြီး ညနေ ၄ နာရီ ၃၅ မိနစ် အချိန်တွင် မီးငြိမ်းသွားခဲ့ကြောင်းသိရသည်။

အဆိုပါမီးလောင်မှုကြောင့် (၁၈x၁၀)ပေ၊ ဓနိမိုး၊ ဝါးထရံကာ၊ ခြေတံရှည်နေအိမ် (၁)လုံး မီးလောင် ဆုံးရှုံးခဲ့ကြောင်းနှင့် ပိုင်ရှင် ဒေါ်အေးခိုင်(၅၇)နှစ်အား ပုလောမြို့မရဲစခန်းတွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။