(မှုခင်း) ဒီဇင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ်၊ အမရဌာနီအရှေ့ရပ်ကွက်မှာရှိတဲ့ အကွက်(၁၉/ခ)၊လမ်း ၈၀၊၅ လမ်းရှိ ပိုင်ရှင် (စိစစ်ဆဲလူမနေ) ၁၀×၄၀ပေ၊(၁)ထပ် နေအိမ်ပေါ်ကို ဒီကနေ့ ၁ နာရီအချိန်မှာ ရှော့တိုက်ဒုံးတစ်လုံးကျရောက် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

ရှော့တိုက်ဒုံးပေါက်ကွဲမှုတာကြောင့် ကျရောက်ပေါက်ကွဲသည့် နေအိမ် တောင်ဘက်ရှိ အိမ်ရှင် ဒေါ်ခင်ကြည်ရဲ့ သွပ်မိုး/သွပ်ကာ (၁)ထပ်နေအိမ်အတွင်းမှာ အိပ်ပျော်နေတဲ့ ဖြိုးကိုကို၊၃၂နှစ်၊(ဘ) ဦးမင်းမောင်နဲ့ သူ့ရဲ့ဇနီး မထားထားဦး၊၃၆နှစ်၊(ဘ)ဦးကျော်ဦးတို့ကို ထိခိုက်မိခဲ့ပြီး ဖြိုးကိုကိုရဲ့လက်မောင်းနှစ်ဘက် စုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး မထားထားဦးမှာ ယာ-ဒူးခေါင်း ပြတ်ထွက်ဒဏ်ရာ ရရှိခဲ့ပြီး ဒဏ်ရာရှိခဲ့တဲ့ အပြစ်မဲ့ပြည်သူနှစ်ဦးကို မန္တလေး ပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

ထို့အတူပဲ မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ ပြည်ခိုင်ဖြိုးရုံးဝန်းအတွင်းမှာလည်း ဒီနေ့ မနက် ၁၀ နာရီ ၄၀ မိနစ် အချိန်ခန့်က Drop ဗုံး တစ်လုံးကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူနဲ့အဆောက်အဦးပျက်စီးမှုမရှိခဲ့ဘူးလို့သိရပါတယ်။
#PAN