“၂၀၂၆ ခုနှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်ကို ဂျပန်အစိုးရ အတည်ပြု”

(နိုင်ငံတကာ) ဒီဇင်ဘာ၂၇


၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် စံချိန်တင်ကာကွယ်ရေးအသုံးစရိတ်ကို ဂျပန်အစိုးရက အတည်ပြုခဲ့ကြောင်း ဂျပန်မီဒီယာများက သတင်းထုတ်ပြန်ခဲ့ကြောင်း Xinhua သတင်းဌာနကဖော်ပြထားသည်။

ဂျပန်အစိုးရသည် ၂၀၂၆ ခုနှစ် ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်အဖြစ် ယန်းငွေ ကိုးထရီလီယံ (အမေရိကန်ဒေါ်လာ ၅၈ ဘီလီယံ)ထိ သုံးစွဲရန်စီစဉ်ထားသည်။

ဂျပန်အစိုးရ၏ ၂၀၂၆ ခုနှစ် ကာကွယ်ရေး အသုံးစရိတ်မှာ ၂၀၂၅ ခုနှစ် ကာကွယ်ရေးအသုံးစရိတ်ထက် ၉ ဒသမ ၄ ရာခိုင်နှုန်း တိုးမြှင့်ထားကြောင်း သိရသည်။

ဂျပန်နိုင်ငံသည် တရုတ်(တိုင်ပေ) ပြဿနာကို အကြောင်းပြု၍ တရုတ်နိုင်ငံနှင့် သံတမန်ဆက်ဆံရေး တင်းမာ နေချိန်တွင် လာမည့်ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို စံချိန်တင်မြှင့်တင်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဂျပန်အစိုးရသည် ကာကွယ်ရေးအသုံးစရိတ် မြှင့်တင်ရေးအတွက် အမေရိကန်နိုင်ငံ၏ ဖိအားပေးမှုနှင့် ရင်ဆိုင်နေရသည်။

ဂျပန်အစိုးရသည် ၂၀၂၆ ဘဏ္ဍာနှစ် ကာကွယ်ရေးအသုံးစရိတ်အနက် ယန်းငွေဘီလီယံ ၉၇၀ (အမေရိကန်ဒေါ်လာ ၆ ဒသမ ၂ ဘီလီယံ)ကို ဒုံးကျည်စနစ် စွမ်းဆောင်ရည်မြှင့်တင်ရေးအတွက် သုံးစွဲရန်စီစဉ်ထား ကြောင်းသိရသည်။