
(မှုခင်း) ဒီဇင်ဘာ ၂၂
မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် သာယာကျေးရွာက ကျေးရွာခွဲတာဝန်ခံတစ်ဦးသတ်ဖြတ်ခံရတယ်လို့ သိရပါတယ်။
အမရပူရမြို့နယ်၊ သာယာကျေးရွာမှာနေထိုင်တဲ့ ကျေးရွာခွဲတာဝန်ခံဖြစ်သူ ဦးယုကြိုင်(၅၇)နှစ်ဟာ ဒီဇင်ဘာ ၂၀ ရက်နေ့ ည ၆ နာရီ ၁၀ မိနစ်ခန့်ကကျေးရွာ ရွာလယ်လမ်းအတိုင်း လမ်းလျှောက်လာချိန်မှာ PDF အကြမ်းဖက်သမား နှစ်ဦးက ဆိုင်ကယ် တစ်စီးနဲ့ ရောက်ရှိလာပြီး သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်သွားခဲ့တာလို့လည်း သိရပါတယ်။
အခုလို PDF အကြမ်းဖက်သမားတွေရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဦးယုကြိုင်မှာ ကျည်ထိမှန်ဒဏ်ရာတွေရရှိခဲ့တာကြောင့် ဆေးကုသနိုင်ရေး မန္တလေးပြည်သူ့ဆေးရုံကြီးကို ပို့ဆောင်စဉ် ရရှိထားသောဒဏ်ရာတွေနဲ့ သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။